0

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (မြေလတ်ဒေသ)၏ ရွေးကောက်ပွဲအ ခမ်းအနားကို ဇွန်လ ၂၂ ရက်က မကွေးမြို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကျောင်းသားအရေးလုပ် တာကို နိုင်ငံရေးလုပ်တာလိုလို၊ ခုချက်ချင်းပဲ သူပုန်ထတော့မှာ လိုလို ကျွန်တော်တို့ကို တအား ကြီးပဲ ဖိအားပေးခံခဲ့ကြရတယ်’’ဟုကျောင်းသားသမဂ္ဂ (မြေလတ်ဒေသ) ဥက္ကဋ္ဌကိုခန့်ထူးကပြောကြားသည်။

ယခုနောက်ပိုင်းအချိန်များ တွင် ဖိအားပေးခြင်း၊ ဖိနှိပ်ခြင်း များမရှိသလောက်နည်းပါးသွား ပြီး မျိုးဆက်သစ်ကျောင်းသား များအနေဖြင့် အရည်အချင်းရှိကြ ရန်၊ ကြောက်စိတ်မရှိကြရန်နှင့် ကျောင်းပြီးသွားပါကလည်း နောင်လာမည့်ကျောင်းသားသစ်များ ကို အဆင့်ဆင့်လွှဲပြောင်းပေးကြ ရန် ကိုခန့်ထူးမှ ပြောကြားခဲ့သည်။

အဆိုပါ ရွေးကောက်တင် မြောက်ပွဲကို တစ်နှစ်တစ်ကြိမ်ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခမ်းအ နားတွင်မကွေးမြို့ပေါ်မှ တက္က သိုလ် လေးခုနှင့် ရေနံချောင်း၊ ချောက်မြို့များမှ ကျောင်းသားများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top