Monday, December 2, 2013
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နိုဝင်ဘာ ၂၈ ရက်က ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် စိန်ခေါ်ပွဲတွင် အမျိုးသမီး လိုက်ဝိတ်တန်း ချန်ပီယံ အာယာကာမီယာကိုသည် ဖိလစ်ပိုင်နိုင်ငံမှ လက်ဝှေ့မယ် ဂရက်ချန်အာဘေ နီးယဲလ်အား အနိုင်ထိုးသတ်၍ ချန်ပီယံ ခါးပတ်ကို တတိယ အကြိမ် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲစဉ် အစပိုင်းတွင် စိန်ခေါ်သူ အာဘေနီးယဲလ်က ပြိုင်ဘက် လက်ဝှေ့မယ် မီယာကိုအား အသာစီးမှ ထိုးသတ် နိုင်ခဲ့သည်။ သို့ရာတွင် နောက်ပိုင်း၌ မီယာကိုသည် ဖိလစ်ပိုင် လက်ဝှေ့မယ်၏ ထိုးသတ်ပုံ နည်းလမ်းများကို သဘောပေါက်ခဲ့ရာမှ တန်ပြန် ထိုးသတ်နိုင်ခဲ့သည်။
ယင်းနောက်တွင် နှစ်ဖက် လက်ဝှေ့မယ်များ အကြား အကြိတ်အနယ် ယှဉ်ပြိုင် ထိုးသတ်ခဲ့ရပြီး ဆယ်ချီ မြောက်တွင် ဂျပန် လက်ဝှေ့ မယ်မီယာကိုက အောင်ပွဲ ခံနိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အေးချမ်းမွန် Credit To > မြ၀တီ < Thankhttps://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.