Monday, June 27, 2016
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်သူ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် နိုင်ငံတကာ ဘောလုံးပွဲစဉ်များတွင် အာဂျင်တီးနားနိုင်ငံကိုယ်စားပြု ကစားသမားအဖြစ်မှ အနားယူလိုက်ပြီဖြစ်ကြောင်းသိရသည်။
ယနေ့ ကျင်းပသည့် ကိုပါအမေရိက ဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲတွင် ပင်နယ်တီကန်သွင်းမှု`၌ လွဲချော်ခဲ့ပြီး ချီလီအသင်းမှာ ချန်ပီယံဖြစ်လာခဲ့ကာ မက်ဆီက နိုင်ငံတကာဘောလုံးပြိုင်ပွဲများမှ အနားယူတော့မည်ဟု ကြေငြာခဲ့ခြင်းဖြစ်သည်။
အာဂျင်တီးနားကိုယ်စားပြုအဖြစ် အိုလံပစ်နှင့် အသက် ၂၀ အောက်ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင်သာ အနိုင်ရရှိဖူးပြီး ကမ္ဘာ့ဖလားနှင့် ကိုပါအမေရိကကဲ့ သို့ အဆင့်မြင့်ဘောလုံးပြိုင်ပွဲများတွင် ဗိုလ်လုပွဲအဆင့်အထိ ယှာဉ်ပြိုင်ကစားခဲ့ဖူးသော်လည်း မက်ဆီကိုယ်စားပြုခဲ့သည့် အာဂျင်တီးနား ဘောလုံးအသင်းမှာ ဗိုလ်စွဲခဲ့ခြင်း မရှိချေ။
စတင်နာမည်ကြီးလာစ ၂၀၀၅ ခုနစ်ကတည်းက မာရာဒိုနာ လက်သစ်အဖြစ် တင်စားခံ ခဲ့ရသူ မက်ဆီမှာ မာရာဒိုနာကဲ့သို့ အဓိက နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများတွင် အနိုင်ရဗိုလ်စွဲအောင်စွမ်းဆောင်နိုင်မှုမရှိခဲ့သည့် ကမ္ဘာ့အကောင်းဆုံဆုရ အာဂျင်တီးနားဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်သွားပြီဖြစ်သည်။
The Ladies News
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.