0

ရန်ကုန်၊ ဒီဇင်ဘာ ၁၂
တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ရှိ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ငရုတ်သီးမှုန့် အမှတ်တံဆိပ် ကိုးမျိုးတွင် မှိုဆိပ် (Aflatoxin B1) ပါဝင်သည်ကို စစ်ဆေးတွေ့ရှိသဖြင့် ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အစားအသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေးကော်မတီထံမှ သိရသည်။
Aflatoxin B1 ပါဝင်သည့် ငရုတ်သီးမှုန့် အမှတ်တံဆိပ်ကိုးမျိုးမှာ ဒေါ်တင်ဆင်ဖြူကျွန်း၊ OK ထွန်း၊ မြို့မ ဆင်ဖြူတော်၊ ဖိုးဝငရုတ်သီးမှုန့်၊ မြန်မာ ရနံ့၊ ဒေါ်ထွေး၊ မခင်အေး(မော်လမြိုင်)၊ KSS ငရုတ်သီးမှုန့်နှင့် ဘုတ်ဆုံမငရုတ်သီးမှုန့်တို့ဖြစ်သည်။
ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်များတွင် ခွင့်မပြုဆိုးဆေးများ၊ မှိုဆိပ် (Aflatoxin B1)နှင့် မသန့်ရှင်းသောပစ္စည်းများ ပါဝင်ခြင်း ရှိမရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ယခုနှစ် စက်တင်ဘာလအတွင်း ဈေးကွက်နမူနာကောက်ယူ၍ ဓာတ်ခွဲစစ်ဆေးခဲ့ရာမှ အဆိုပါငရုတ်သီးမှုန့်ကိုးမျိုးတွင် မှိုဆိပ်ပါဝင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။
"ဒီနေ့ FDA နဲ့ ဆွေးနွေးကြပါတယ်။ မှိုပါတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဈေးကွက်ထဲက ပစ္စည်းတွေက ကျွန်တော်တို့ အကုန်သိမ်းပြီးပါပြီ။ အခုပစ္စည်းတွေက အသစ်ထပ်ထုတ်တာတွေပါ။ သူတို့အနေနဲ့ ဒီငရုတ်သီးမှုန့်တွေကို အသစ်ထပ်ထုတ်ရင် မှိုကင်းစင်အောင် သူတို့ဘက်က ထပ်ပြီး စစ်ဆေးမယ်။ FDA လက်မှတ်ကတော့ ရပြီးသားပါ။ မှိုကလည်း အစေ့မှာကတည်းကပါရင် ပြန်စိုက်လည်း ပါတဲ့အမျိုးပါ။ ဒါကြောင့် FDA နဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး စိုက်ကွင်းတွေကိုပါ ကွင်းဆင်းပြီး သင်တန်းတွေပေးရမှာပါ" ဟု OK ထွန်း ငရုတ်သီးမှုန့်လုပ်ငန်းရှင် ဦးကိုကို ထွန်းက ပြောကြားသည်။
အဆိုပါထုတ်ကုန်များကို ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် နိုဝင်ဘာလ ၂၂ ရက်နေ့ကတည်းကပင် သက်ဆိုင်ရာလုပ် ငန်းရှင်များကို အကြောင်းကြားထားပြီး ပြန်လည်ရုပ်သိမ်းခဲ့သည့် ပစ္စည်းပမာဏ စာရင်းနှင့် ဓာတ်ပုံမှတ်တမ်းကို တိုင်း ဒေသကြီးအစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီထံသို့ ပြန် လည်တင်ပြရန် ညွှန်ကြားထားကြောင်း၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့် မှိုဆိပ်ပါဝင်သည့် ငရုတ်သီးမှုန့် ကိုးမျိုး ၏ လုပ်ငန်းရှင်များ တွေ့ဆုံခဲ့ကြပြီး ဈေးကွက်မှ ပစ္စည်းများအားလုံး ရုပ်သိမ်းရန်၊ မှိုအဆိပ်နှင့် ဆိုးဆေးကင်းစင်သည့် ငရုတ်သီးမှုန့်များသာ ထပ်မံထုတ်လုပ်ရန်နှင့် လုပ်ငန်းရှင်များကိုလည်း မှိုကင်းစင်စေရန်အတွက် သင်တန်းများပေးသွားမည် ဖြစ်ကြောင်း FDA ထံမှ သိရသည်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top