0


မြန်မာ့ဆက်သွယ်ရေးဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေကြစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
အစိုးရဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)သည် ၎င်းတို့၏ ၀န်ဆောင်မှုများ နှင့် ၀င်ငွေရရှိမှုများအပေါ်အခြားသော ဆက်သွယ်ရေးအော်ပရေတာများ ပေးဆောင်ရသည့်အ တိုင်း အစိုးရထံသို့ အခွန်ပေး ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အရင်ကတော့ အစိုးရအော် ပရေတာဆိုပြီး အခုလို အခွန်ပေး ရတာမျိုးတွေမရှိပါဘူး။ ပြီးခဲ့တဲ့ နှစ်က ဆက်သွယ်ရေးလိုင်စင်ရရှိပြီးနောက်ပိုင်းကနေစပြီး သီးခြားရပ်တည်လာတဲ့အတွက် တခြားဆက်သွယ်ရေးအော်ပရေတာတွေလိုပဲ အခွန်ပေးဆောင်မှုတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဥပဒေနှင့် စည်းမျဉ်းများဆိုင်ရာဌာနတာဝန်ခံဒေါ်စန်းစန်းလွင်ကပြောသည်။
အစိုးရထံသို့ အခွန်ပေး ဆောင်မှုများပြုလုပ်ရာတွင် အ ခြားသောဆက်သွယ်ရေးအော်ပ ရေတာများကဲ့သို့ Spectrumလှိုင်း နှုန်းငှားရမ်းခများ၊ ၀န်ဆောင်မှု များမှ ရရှိလာသည့် ၀င်ငွေများအ ပေါ် ပေးဆောင်ရသည့်အခွန်များစသည့် ကဏ္ဍအားလုံးနီးပါးအပေါ်တွင် အခွန်ပေးဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘သီးခြားရပ်တည်ပြီးနောက် ပိုင်းတခြားဆက်သွယ်ရေးအော်ပ ရေတာတွေလိုပဲ အခွန်ပေးဆောင် မှုတွေ ပြုလုပ်လာသလို ဈေး ကွက်ချဲ့ထွင်မှုအပိုင်းမှာလည်း စီး ပွားရေးနဲ့ နည်းပညာပိုင်းနှစ်ခုကို ကဏ္ဍအလိုက် သီးခြားမဟာဗျူ ဟာတွေချပြီးတော့ ၀န်ဆောင်မှု တွေဆောင်ရွက်သွားဖို့ရှိပါတယ်’’ ဟု ဒေါ်စန်းစန်းလွင်ကပြောသည်။
MPTအနေဖြင့် ဂျပန်ဆက် သွယ်ရေးလုပ်ငန်းစု ဖြစ်သည့် KDDI၊ Sumitomoကော်ပိုရေးရှင်းတို့နှင့် ပူးပေါင်းပြီးနောက်ပိုင်း ၀န်ထမ်းစီမံခန့်ခွဲမှုနှင့် ၀န်ဆောင်မှုအသုံးစရိတ်များအတွက် ဘတ်ဂျက်အသုံးပြုရာ၌လည်း ၀န်ကြီးဌာန၏ ဘတ်ဂျက်ကို အသုံးမပြုတော့ဘဲ သီးခြားဘတ်ဂျက်ဖြင့် သာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
7Day News Journal

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top