0

"လက်စတာစီးတီး ၄-၂ မန်ချက်စတာစီးတီး"
စနေနေ့ရဲ့ နောက်ဆုံးကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာစီးတီးက ပတ်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးကို ၄ဂိုး-၂ဂိုးနဲ့ ဂိုးပြတ်နိုင်ပါတယ်။ လက်စတာက ပွဲစပြီး ၅မိနစ်မပြည့်ခင်မှာတင် ၂ဂိုးအသာနဲ့ ဦးဆောင်ခဲ့တာပါ။ အဖွင့်ဂိုးကို ဂျေမီဗာဒီနဲ့ ဒုတိယဂိုးကို အန်ဒီ ကင်းတို့ သွင်းယူခဲ့တာပါ။ ဆက်တိုက်ပဲ ကစားပုံကောင်းတဲ့ လက်စတာအတွက် မိနစ် ၂၀မှာ မာရက်ဇ်ပေးတာကနေ ဗာဒီက တတိယဂိုးထပ်သွင်းလို့ ပထမပိုင်း ကို ၃ဂိုးပြတ်နဲ့နိုင်နေပါတယ်။
ဒုတိယပိုင်းမှာ မန်ချက်စတာစီးတီးက ကွင်းတ၀က်ဖိကစားခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးသွင်းခွင့်မျိုးမလုပ်နိုင်ခဲ့ပါဘူး။ ၇၉ မိနစ်မှာ ဂျွန်စတုန်းစ်ရဲ့ အမှားကနေ ဗာဒီက သူ့ရဲ့ ဟက်ထရစ်ရမယ့် ဂိုးကိုသွင်းခဲ့ပါတယ်။ အဲ့ဒီနောက် ကိုလာရော့ဗ်နဲ့ နိုလီတိုတို့က တစ်ဂိုးစီသွင်းလို့ လက်စတာစီးတီးက ၄ဂိုး-၂ဂိုးနဲ့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ မန်ချက်စတာစီးတီးအတွက် နောက်ဆုံး ပရီးမီးယားလိဂ်ကို ၂ပွဲဆက်ရှုံးခဲ့တာလည်းဖြစ်ပါတယ်။ ဒီပွဲမှာ မန်ချက်စတာစီးတီးရဲ့ ခံစစ်ပိုင်းက အမှားများစွာကျူးလွန်ခဲ့လို့ အခုလို ဂိုးတွေ များစွာပေးခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာစီးတီးဟာ ဇယားထိပ်က အာဆင်နယ်နဲ့ ၄မှတ်အထိကွာသွားခဲ့ပါတယ်။

BBC Burmese 

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top