0





ကမ္ဘာ့သက်တမ်း အရင့်ဆုံး ရာပြည့်ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရေပန်းအစားဆုံး အာဂျင်တီးနားကို ချီလီက ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိပြီး နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်လာပါတယ်။
MetLife ကွင်းထဲမှာ ပရိသတ် (၈၂,၀၂၆) ဦးရှေ့မှောက်မှာ ကစားကြတဲ့ နှစ်သင်းလုံးဟာ ပထမပိုင်း (၂၈) မိနစ်မှာ ချီလီက ဒီယက်ဇ်နှင့် (၄၁) မိနစ်မှာ အာဂျင်တီးနားက ရိုဟို တို့ အနီနဲ့ အထုတ်ခံရပြီး ပွဲချိန် မိနစ် (၉၀) နှင့် အချိန်ပို (၃၀) မိနစ်တို့မှာ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။
အချိန်ပို (၁၀၁) မိနစ်အရောက်မှာ အာဂျင်တီးနား အသင်းတိုက်စစ်မှူး အဂူရိုရဲ့ အပိုင်ကန်ချက်ကို ချီလီဂိုးသမား ဘရာဗို ကာကွယ်နိုင်ခဲ့တာကို တွေ့ရပါတယ်။
ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းကြရာ ချီလီအသင်းရဲ့ ပထမဆုံး ပင်နယ်တီကို ဗီဒယ်ကလွဲချော်ခဲ့ပေမယ့် အာဂျင်တီးနားက မက်ဆီနှင့် ရိုဒရီဂိုဘစ်ဂီလီယာတို့ရဲ့ ကန်သွင်းမှုတွေကို ချီလီ ဂိုးသမား ဘရာဗိုက ကာကွယ်သွားခဲ့တာကြောင့် လက်ရှိ ချန်ပီယံ ချီလီက (၄-၂) နဲ့ နိုင်ပြီး ဖလားကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။
မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားကတော့ ပြီးခဲ့နှစ် ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲမှာ ချီလီနဲ့ပဲ ပြန်ဆုံခဲ့တာဖြစ်ပြီး ဒီနှစ်မှာလည်း အရှုံးပေးခဲ့ရပြန်ပါတယ်။
ပွဲပြီးရလဒ်
အာဂျင်တီးနား ၀-၀ ချီလီ
ပင်နယ်တီ ကန်သွင်းမှု
အာဂျင်တီးနား
မက်စီ (မဝင်)၊ မာရှေရာနို (ဂိုး)၊ အဂွဲရိုး (ဂိုး)၊ ရိုဒရီဂိုဘစ်ဂီလီယာ (မဝင်)
ချီလီ
ဗီဒယ် (မဝင်)၊ Castillo (ဂိုး)၊ အာရန်ဂီ (ဂိုး)၊ Beausejour (ဂိုး)၊ Silva (ဂိုး)
ကိုပါအမေရိက ချန်ပီယံ - ချီလီ
အသန့်ရှင်းဆုံးဆု - အာဂျင်တီးနား
ရွှေလက်အိတ်ဆု - ဘရာဗို
ရွှေဖိနပ်ဆု - ဗားဂတ်စ် (၆ ဂိုး) ချီလီ
ရွှေဘောလုံးဆု - ဆန်းချက်ဇ် (ချီလီ)
(ဓာတ်ပုံ ကိုပါအမေရိက ၂၀၁၆)

Mizzima - News in Burmese

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top