Monday, June 27, 2016
တားမြစ်ခံထားရသည့် မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် လင်းဇင်းကုန်းသုသာန်ရှိ ထိုင်းဘုရင့်စေတီပြုပြင်မှုများကို ပြန်လည် လုပ်ကိုင်နိုင်ခွင့်ရရှိရန် ထိုင်းဒုတိယသာသနာပိုင်အဖွဲ့က ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တောင်းဆို မည်ဖြစ်ကြောင်း ပြုပြင်ထိန်းသိမ်း ရေးအဖွဲ့ မြန်မာဗိသုကာပညာရှင်တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။
ထိုင်းဘုရင့် စေတီနှင့်သုသာန်တွင်းရှိ ရှေးဟောင်းပစ္စည်းများ ပြုပြင်ထိန်းသိမ်းမှုသည် ရှေးဟောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့ ခွင့်ပြုချက်ရယူ၍ ပြုလုပ်ခြင်းမဟုတ်သဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဇွန်လ ၂၂ ရက်၌ တားမြစ်ခဲ့သောကြောင့် ပြုပြင်မှုရပ်ဆိုင်းထားခြင်းဖြစ်သည်။
‘‘ဌာပနာပိတ်ပွဲအတွက် ထိုင်းသာသနာတော်ဆရာတော် ကြီးတွေကို ဖိတ်ထားပြီးသားဖြစ် ပေမယ့် ခွင့်ပြုချက်မရလို့ ဌာပနာ ပိတ်ပွဲမလုပ်ဖြစ်ဘူး။ ထိုင်းသာသ နာတော်ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံပြီး ထိုင်းဒုတိယ သာသနာပိုင်အ ဖွဲ့ကနေ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို သီတဂူဆရာ တော်ဦးဆောင်တဲ့ ပြုပြင်ရေးအဖွဲ့ လုပ် ငန်းပြန်စဖို့ တောင်းဆိုမယ်လို့ သိရတယ်’’ဟု ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ မြန်မာဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောကြားသည်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနသို့ လင်းဇင်းကုန်းသုသာန်ရှိ ထိုင်းဘုရင့်စေတီနှင့် အခြားရှေးဟောင်း အဆောက်အအုံများ ပြုပြင်ခွင့်ရရှိရန် တောင်းဆိုမှုကို တစ်ပတ်အတွင်း ပြုလုပ်မည်ဟုသိရကြောင်း ၎င်းက ပြောသည်။
အဆိုပါ လင်းဇင်းကုန်း သုသာန်ရှိ စေတီပြုပြင်ထိန်းသိမ်း မှုသည် အစိုးရ အချင်းချင်း လုပ်ကိုင်ရမည့် ကိစ္စရပ်များဖြစ်ပြီး သာသနာရေးဥပဒေ၊ ယဉ်ကျေးမှုဥပဒေများကို ဆန့်ကျင်နေကြောင်း၊ နှစ်နိုင်ငံ သမိုင်းအနာဂတ်နှင့် သက် ဆိုင်သဖြင့် အစိုးရအချင်းချင်းသာပြုလုပ်မည်ဖြစ်ကြောင်းမန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဇွန်လ ၂၄ ရက်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
လင်းဇင်းကုန်း သုသာန်ရှိ ရှေးဟောင်းစေတီနှင့် အဆောက် အအုံများ ပြုပြင် မွမ်းမံရန် မြေတစ်ဧကကို ယခင်အစိုးရလက်ထက် စည်ပင်သာယာရေး ကော်မတီက ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်၌ ခွင့် ပြုခဲ့သည်။
လင်းဇင်းကုန်းသုသာန်မှ တူးဖော်ရရှိသော အရိုးအိုးသည် ထိုင်းဘုရင်၏အရိုး အိုးဟုတ်၊ မ ဟုတ် အတည်ပြုနိုင်ရေး၊ ရှေး ဟောင်းသုတေသနဌာနက လက် မခံနိုင်သည့် ပြုပြင်မှုဟုတ်၊ မဟုတ်စစ်ဆေးခြင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရေး ကိစ္စ ထိခိုက်မှုရှိ၊ မရှိတို့အ တွက် မန္တလေးတိုင်းဒေသကြီးအ စိုးရအဖွဲ့က ပညာရှင် ၁၀ ဦးဖြင့် စိစစ်ရေးအဖွဲ့ ဖွဲ့စည်းခဲ့သည်။
ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ပေးရန် ထိုင်းဘုရင့်ဘဏ္ဍာတော်ထိန်း အဖွဲ့က သီတဂူဆရာတော်ကြီးထံ အကူအညီတောင်းခံခဲ့ပြီး ပြုပြင်ထိန်းသိမ်းမှုကို ၂၀၁၂တွင် စတင်ကာ ၂၀၁၆ ဇွန်လ၂၂ ရက်၌ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
7Day News Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.