0

ဒီဇင်ဘာ ၁၁၊ မန်ချက်စတာ။             ။ မော်ရင်ဟိုသည် မန်ချက်စတာယူနိုက်တက်အသင်းရုပ်သံလိုင်း၏ နံပါတ်တစ်အစီရင်ခံတင်ဆက်သူနှင့် အမေးအဖြေလုပ်ရန် ငြင်းဆန်နေသည်ဟု မယ်ရာသတင်းတွင်ဖော်ပြထားသည်။
အစီစဉ်တင်ဆက်သူနှင့် အစီရင်ခံတင်ဆက်သူအဖြစ်ဆောင်ရွက်နေသော စတီးဝပ်ဂါ့ဒ်နာနှင့် ပွဲကြို၊ ပွဲပြီး အမေးအဖြေလုပ်ရန် မော်ရင်ဟိုက ပူးပေါင်းဆောင်ရွက်ခြင်းမရှိဟု မယ်ရာတွင်ဖော်ပြထားခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၇ ရက်က အိမ်ကွင်းတွင် လေးပွဲဆက်သရေကျမှုအဖြစ် ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျသည့်ပွဲအပြီးတွင် မော်ရင်ဟို သည် ဂါ့ဒ်နာထံမှမေးခွန်းများကို ရှောင်ရှားခဲ့သည်။
လိဂ်တွင်မန်ယူအသင်းရုန်းကန်နေရသောပုံစံနှင့်ပက်သတ်သည့်မေးခွန်းများကို မော်ရင်ဟိုက မကျေမနပ်ဖြစ်နေပြီး ယင်းခံစားချက်ကို ဂါ့ဒ်နာနှင့် မီဒီယာအဖွဲ့ကိုသိစေရန်ပြုမူနေခြင်းဖြစ်သည်။
ယင်းပွဲပြီးနောက်ကစားသည့် သုံးပွဲဖြစ်သော ဝက်စ်ဟမ်းနှင့် EFL ဖလား၊ အဲဗာတန်နှင့် ပရီးမီးယားလိဂ်၊ ဇော်ယာနှင့် ယူရိုပါလိဂ် ပွဲများတွင် မော်ရင်ဟိုသည် ဂါ့ဒ်နာနှင့် အမေးအဖြေပြုလုပ်ရန် ငြင်းဆန်ခဲ့သည်။
မော်ရင်ဟိုသည် လတ်တလောဖြစ်နေသည့်အခြေအနေအပေါ် အလွန်အကျွံတုန့်ပြန်နေပြီး ငါးပွဲဆက်သရေကျကာ ချန်ပီယံလမ်း ကြောင်းကိုထိခိုက်စေသည့် အနေအထားအပေါ် စိတ်ပျက်စိတ်ရှုပ်လျှက်ရှိသည်ဟု မန်ယူအတွင်းလူများက ယုံကြည်နေသည်။
Ref; Mirror
http://www.mizzimaburmese.com/article/21137

Post a Comment

 
Top