0

*************************************************************************
မန်ယူအသင်းနည်းပြဟိုဆေးမော်ရင်ဟိုကသူ့အသင်းအနေနဲ့ပရီးမီးယား
လိဂ်မှာအမှတ်တွေရနိုင်သလောက်ယူဖို့ကြိုးစားမှာဖြစ်သလိုကံတရားရဲ့
မျက်နှာသာပေးမှုလည်းလိုအပ်တယ်လို့ပြောဆိုလိုက်ပါတယ်။ကြာသပတေး
နေ့မှာကစားတဲ့ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲမှာဇိုရာအသင်းကိုအနိုင်ရခဲ့
တဲ့မန်ယူအသင်းဟာပရီးမီးယားလိဂ်မှာလည်း နောက်ပိုင်းပွဲတွေမှပုံစံ
ကောင်းပြန်ရနေတာပါ။နည်းပြမော်ရင်ဟိုက"ပွဲတိုင်းမှာအနိုင်ရဖို့က
အရေးကြီးဆုံးပါ။လာမယ့်စပါးနဲ့ပွဲမှာလည်းရလဒ်ကောင်းဖို့ကြိုးစားရပါမယ်။
သူတို့အသင်းကစားပုံကောင်းတယ်ဆိုတာလည်းသိပြီးသားပါ။ ဒါပေမယ့်
ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကိုပရိသတ်တွေမမြင်တွေ့ရသေးပါဘူး။
ကျွန်တော်တို့ကစားပုံမဆိုးပေမယ့်အမှတ်တွေဒီ့ထက်ပိုရဖို့လိုအပ်ပါတယ်။
ကံတရားကလည်းဖေးမခဲ့ရင်ပေါ့"လို့ဆိုပါတယ်။မန်ယူအသင်းဟာ
ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲမှာ(၁)ပွဲသာနိုင်ပြီး(၄)ပွဲသရေကျခဲ့
တာဖြစ်ပါတယ်။
Central News Bureau

Post a Comment

 
Top