0

ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီကစားသမား စီရော်နယ်လ်ဒိုသည် ၂၀၁၆ ခုနှစ် ရွှေဘောလုံးဆု Ballon d'Or ကို (၄)ကြိမ်မြောက်အဖြစ် ရရှိခဲ့ကြောင်း သိရှိရသည်။
စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ ပေါ်တူဂီအသင်းနှင့် ယူရိုချန်ပီယံဆုများ ရယူနိုင်ခဲ့ခြင်းကြောင့် မူလကတည်းက ရွှေဘောလုံးဆု ရရှိရန် ရေပန်းစားခဲ့သော်လည်း မက်ဆီနှင့် အပြိုင်ဖြစ်နေခြင်းကြောင့် နောက်ဆုံး အချိန်အထိ စောင့်ကြည့်ခဲ့ရခြင်းဖြစ်သည်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းက တနင်္လာနေ့တွင် ဆုရရှိသူကို ကြေညာခဲ့ခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုသည် မက်ဆီနှင့် ဂရစ်ဇ်မန်းတို့ကို ကျော်ဖြတ်ကာ ရွှေဘောလုံးဆုကို (၄) ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ၂၀၀၈၊ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ရရှိထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
Photo: AFP
Eleven Media Group

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top