0

ACM Re-Post 4-6-2014

နာမည်ကျော် Taken ရုပ်ရှင်မင်းသားကြီး Liam Neeson က မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော ဂျပန်ခေတ်ချွေးတပ်အကြောင်း ဇာတ်ကားရိုက်ကူးရန် ညှိနှိုင်းနေကြောင်း ဇာဂနာထံမှ သိရသည်။

''ကျွန်တော် ၂ဝ၁၂ ခုနှစ်တုန်းက အမေရိကန်သွားရောက်ခဲ့စဉ်က Liam Neeson နဲ့တွေ့ဆုံခဲ့ပြီး အမှတ်တရ ဓာတ်ပုံရိုက်ဖူးခဲ့တယ်။ အခု သူ့အဖွဲ့တွေ မြန်မာနိုင်ငံလာတဲ့ အချိန်မှာဓာတ်ပုံပေါ်မှာ စာရေးပြီး ဇာဂနာကို တွေ့အောင်ရှာဖို့ ပြောလိုက်တယ်။ သူတို့ လာတွေ့တဲ့
အချိန်မှာ သံဖြူဇရပ်မှာ ဖြစ်ပေါ် ခဲ့တဲ့ ဂျပန်ခေတ်ချွေးတပ်အကြောင်း
ရိုက်ကူးချင်တယ်။

အဲဒီအတွက် Location လာကြည့်တာလို့ ပြောတယ်။ အခုလောလော ဆယ် နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ သွားတွေ့ပြီး ညှိနှိုင်းနေတယ်။ သူတို့ဘက်က အကူအညီတောင်းလို့ ကူညီပေးဖြစ်တာပါ'' လို့ ဇာဂနာ က ရှင်းပြသည်။ မင်းသား Liam Neeson သည် အင်္ဂလိပ်စကားပြောဇာတ်ကား Taken နှင့် Non -Stop ဇာတ်ကား
များတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် မင်းသားကြီးဖြစ်သည်။

Aye Chan Mon Credit To: Popular Myanmar News Journal
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top