Monday, December 2, 2013
ဘရာဇီးနိုင်ငံတွင် လာမည့် သီတင်းပတ် အင်္ဂါနေ့ ဒီဇင်ဘာ ၃ ရက်တွင် မွေးဖွားသည့် ကလေးငယ် တစ်ဦးစီ တိုင်းအား ကမ္ဘာကျော် အားကစား ကုန်ပစ္စည်း ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Adidas ကုမ္ပဏီက ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အသုံးပြုမည့် ဘောလုံး တစ်လုံးစီကို လက်ဆောင်အဖြစ် ပေးအပ်သွားမည်ဟု ယင်း ကုမ္ပဏီကြီးက နိုဝင်ဘာ ၂၉ ရက်တွင် တရားဝင် ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ နေ့ရက်သည် Adidas ကုမ္ပဏီက ၎င်းတို့၏ ဘောလုံးကို စတင်ထုတ်သည့် နေ့ရက်နှင့် တိုက်ဆိုင် လျက်ရှိပြီး မိဘများ အနေဖြင့် ယင်းနေ့တွင် မွေးဖွားခဲ့သည့် ကလေးငယ်များ၏ မွေးစာရင်းကို ပြသ၍ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင် ကစားကြမည့် မြို့ကြီးများတွင် သွားရောက် ထုတ်ယူနိုင်သည်ဟု သိရသည်။
အေးချမ်းမွန် Credit To >မြ၀တီ < Thankhttps://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.