0

Monday, December 2, 2013

လာမည့်လတွင် ကျင်းပမည့် ခရစ္စမတ်ပွဲတော် အထိမ်းအမှတ် ဖျော်ဖြေပွဲ အခမ်းအနားတွင် တေးသီချင်းဖြင့် ဖျော်ဖြေပေးရန် သဘောတူပါက ကနေဒါ ဆယ်ကျော်သက် ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာ အနေဖြင့် သြစတြေးလျနိုင်ငံ Gold Coast မြို့ရှိ အဆောက်အအုံ တစ်ခု၏ နံရံတွင် သရုပ်ပျက်ပုံ စာရေးခြစ်မှုဖြင့် အာဏာပိုင်များ၏ ပြစ်ဒဏ် ပေးခံရခြင်းမှ လွတ်မြောက်မည်ဖြစ်ကြောင်း ကမ်းလှမ်းခံ ထားရသည်ဟု သိရသည်။

ဂျက်စတင်ဘီဘာ အနေဖြင့် ယခုကဲ့သို့ နံရံများတွင် သရုပ်ပျက်စာ ရေးခြစ်ခြင်းသည် ၎င်း၏ လူငယ် ပရိသတ်များ အတွက် အတုယူမှားစရာ ဖြစ်ကြောင်း ကမ္ဘာကျော် အဆိုတော် တစ်ဦးအနေဖြင့် ယခုကဲ့သို့ အကျင့်ဆိုးကို ပြုပြင်သင့်ကြောင်း၊ အဆောက်အအုံ၏ နံရံများတွင် သရုပ်ပျက်စာ ရေးသားပါက ပြစ်ဒဏ် အနေဖြင့် နာရီပေါင်း ၈ဝ မှ ၁ဝဝ အထိ လူထု အကျိုးပြု လုပ်ငန်းများတွင် လုပ်အားပေးပြစ်ဒဏ် ချမှတ် ခံရဖွယ် ရှိသော်လည်း ဂျက်စတင် ဘီဘာသည် အနုပညာရှင် တစ်ဦးဖြစ်သောကြောင့် ယခုကဲ့သို့ ကမ်းလှမ်း ခံရခြင်းဖြစ်ကြောင်း Gold Coast မြို့တော်ဝန် တွမ်တိတ်က ပြောကြားခဲ့သည်။ ဂျက်စတင်ဘီဘာသည် ၎င်း၏ Down Under ကမ္ဘာလှည့် ဖျော်ဖြေပွဲအတွက် သြစတြေးလျနိုင်ငံတွင် ရောက်ရှိနေပြီး Gold Coast မြို့ရှိ အဆောက်အအုံ တစ်ခု၏ နံရံတွင် သရုပ်ပျက်စာ ရေးသားခဲ့သောကြောင့် ဖမ်းဆီးခံခဲ့ရပြီး သူ၏ ဖျော်ဖြေပွဲသည်လည်း ကသောင်းကနင်း ဖြစ်ခဲ့ရသည်ဟု သိရသည်။

အေးချမ်းမွန် Credit To > မြ၀တီ < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top