0

ရန်ကုန်၊ ဇွန် ၂၃

၂၁.၆.၂၀၁၄ ရက်နေ့ ၂၀၄၅ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပျဉ်းမပင်ကျေးရွာ၊ တိုက်ဂါးဘီယာစက်ရုံလမ်းတွင် ဆိုင်ကယ်လုယက်မှု
ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ကုန်းတလဘောင်ကျေးရွာနေ ဦးသောင်းကွန့်၊ (၅၁)နှစ်သည်
ပျဉ်းမပင်ကျေးရွာ၊ တိုက်ဂါးဘီယာစက်ရုံလမ်းအတိုင်း ကုန်းတလဘောင်ဘက်မှ
ထောက်ကြန့်ဘက်သို့ ၎င်းပိုင် Feeling 110 အမျိုးအစားအနက်ရောင
ဆိုင်ကယ်အား စီးနင်းမောင်းနှင်လာစဉ် ဂျိုးဖြူပိုက်လိုင်းကုန်းတက်အရောက် အမျိုးသား(၂)ဦးမှဆိုင်ကယ်အားငှားရမ်းသဖြင့် ရပ်တန့်ပေးခဲ့ရာ တစ်ဦးမှ အသင့်ပါလာ သော ဓါးဖြင့်ခြိမ်းခြောက်ပြီး ဆိုင်ကယ်အားလုယက်သဖြင့် ဆိုင်ကယ်ကိုထားခဲ့ပြီး အော်ဟစ် အကူအညီတောင်းကာထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ထွက်ပြေးစဉ် ၎င်းအမျိုးသားမှဓါးဖြင့်လိုက်ခဲ့ပြီး ကျန်တစ်ဦးမှဆိုင်ကယ်
ကိုမောင်းနှင်ယူဆောင်သွားကြောင်း၊ ဓါးဖြင့်လိုက်သူအမျိုးသားအား လှည့်ကင်း
ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ရှိပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ၎င်းမှာ ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်နေ သိန်းဦး၊ (၃၄)နှစ်၊ (ဘ)ဦးကျော်ဝင်းဆိုသူဖြစ်ကြောင်း သိရှိရပြီး ဆိုင်ကယ်မောင်းနှင် ယူဆောင်သွားသူမှာလည်း ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်နေ ကိုတွဲ(ခ)
ကြက်ကလေး၊ (၁၈)နှစ်၊ (ဘ)ဦးယဉ်ထွေး ဖြစ်ကြောင်းသိရှိရပါသည်။

ကိုတွဲ(ခ)ကြက်ကလေးအားဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ အခင်းဖြစ်နေရာနှင့် ကိုက်(၄၀၀)ခန့်အကွာတွင် ဆိုင်ကယ်အားလဲလျက်
တွေ့ရှိရပြီး ကိုတွဲ(ခ)ကြက်ကလေးအား ၎င်း၏နအိမ်မှ ဖမ်းဆီးရမိခဲ့သဖြင့် ဆိုင်ကယ်အားလုယက်ယူဆောင်သူ (၂)ဦးအပေါ် အရေးယူပေးရန် ဦးသောင်းကွန့်မှတိုင်တန်းခဲ့ပါသည်။

တိုင်တန်းချက်အရ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၁၈၉/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၉၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိ
ပါသည်။

Aye Chan Mon Credit To: Yangon Police
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top