Angel on 2014-06-04
သတို့ သမီးတစ်ဦးဟာ သူမရဲ့မွေးကင်းစသမီးလေးကို သတို့ သမီးဝတ်စုံရဲ့ အနောက်မှာ ပတ်ချည်ပြီး လျှောက်လမ်းမတိုင်း ကလေးကို ဆွဲခေါ်ခဲ့တဲ့အတွက် လူအများရဲ့ ပြစ်တင်ကဲ့ရဲ့ခြင်းကို ခံနေရပါတယ်။
Shona Carter-Brooks ဆိုသူ အမျိုးသမီးဟာ သူမကို စွပ်စွဲနေမှုကို ပြန်လည်ခုခံခဲ့ပြီး အခုလို ဂါဝန်နောက်မှာ တွဲချည်ထားချိန်မှာ ကလေးဟာ နိုးနေကြောင်းနဲ့ လုံခြုံစိတ်ချရမှုရှိအောင် လုပ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။ သမီးလေးကို ခရစ်တော်က ကာကွယ်ပေးထားခဲ့တယ်လို့ လည်း သူမက ချေပခဲ့ပါတယ်။
သူမဟာ မင်္ဂလာဆောင်ဓာတ်ပုံတွေကို Facebook ပေါ်တင်ပြီးနောက် အခုလို စတန့် ထွင်တဲ့မင်္ဂလာဆောင် အပေါ် လူအများက ၀ိုင်းဝန်းအပြစ်တင်ခဲ့ကြပါတယ်။
တစ်ချို့ လူတွေက သူမကို ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဌာနဆီ တိုင်ကြားသင့်တယ်လို့  ဆိုကြပါတယ်။
Mrs.Carter-Brooks ဟာ Johnathan Brooks နဲ့ လွန်ခဲ့တဲ့လက Ripley မြို့ က Elam နှစ်ခြင်းဘုရားကျောင်းမှာ လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပြီး သူမရဲ့ မွေးကင်းစသမီးလေးကို မင်္ဂလာပွဲမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ Mrs.Brooks ဟာ ကလေးလေးကို သူမရဲ့ ဂါဝန်အမြှီးစနောက်မှာ ပတ်ချည်ပြီး လျှောက်လမ်းအတိုင်းဝင်လာတာကို ပွဲတက်လာတဲ့ပရိတ်သတ်အကုန်လုံးကလည်း ရပ်ကြည့်နေခဲ့ကြပါတယ်။
သူမရဲ့ ဓာတ်ပုံကို မြင်တွေ့ ပြီးနောက် အွန်လိုင်းအသုံးပြုသူတစ်ဦးက အခုလိုပြောကြားခဲ့ပါတယ်။ “ ကျွန်တော် စိတ်တော်တော်မကောင်းမိဘူးဗျာ။ တကယ်လို့ ကျွန်တော်အဲ့မှာ ရှိနေမယ်ဆိုရင် ကျွန်တော့်ခုံကနေ ချက်ချင်း ထပြီး ကလေးကို ကောက်ယူမိမှာပဲ”
Mrs.Carter-Brooks ကလည်း သူမကို မုန်းတီးသူတွေကို ပြန်လည်တုံ့ ပြန်ခဲ့ပါတယ်။ သူမရဲ့ ကလေးငယ် ဘာတစ်ခုမှ မဖြစ်ခဲ့ကြောင်းနဲ့ သူမတို့ လက်ထပ်ပွဲမှာ ခရစ်တော်ဟာ သူတို့ ဘက်က ရပ်တည်ခဲ့ကြောင်း ပြောကြားထားပါတယ်။
Ref: Mirror.co.uk
Aye Chan Mon Credit To: http://www.trend.com.mm/
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.