0
ရန်ကုန်၊ ဇွန် ၂၂ - ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန က စတင် ခေါ်ယူစစ်ဆေးနေပြီဖြစ် ကြောင်း အစိုးရအရာရှိတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

''ဦးအံ့မောင်ကို ခေါ်ယူစစ်ဆေး နေတယ်ဆိုတာ မှန်ပါတယ်။ သူ့ကို ခေါ်ယူ စစ်ဆေး တာနဲ့ ဦးဆန်းဆင့် ကို စစ်ဆေးနေတဲ့အကြောင်းအရာ ချင်းက မတူပါဘူး''ဟု ယင်းက ပြောကြားသည်

ယခုခေါ်ယူစစ်ဆေးနေသည့် ဦးအံ့မောင်သည် မဟာသန္တိသုခ ကိစ္စနှင့်ပတ် သက်ပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ဇွန် ၁၁ရက်က ယခင် သာသနာရေး ဝန်ကြီးဌာနရုံး ကမ္ဘာအေးတွင်ပြုလုပ်ခဲ့ကြောင်း သိ ရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲ နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ရုံးကို ကိုယ်စားပြုပြီးရှင်းလင်းခဲ့ခြင်း မဟုတ်ကြောင်း၊ သာသနာရေးဝန် ကြီးဌာနကိုသာ ကိုယ်စားပြုပြီးပြု လုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ ထုတ် ဖော်ပြောကြားချက်အရ သိရသည်။

KMZ
[--Democracy today Daily Newspaper--]

Aye Chan Mon Credit To: Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top