0

ငွေဆောင်၊ ဇွန်၂၂။

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ်ခွဲ ဆင်မကျေးရွာအုပ်စု ဆင်မ အ.ထ.က(ခွဲ)ကျောင်းကော်မတီသည် ကျောင်းနယ်နိမိတ်ချင်း ထိစပ်နေသော လယ်ယာမြေအချို့ကို အဓမ္မသိမ်းဆည်းသဖြင့် ဒေသခံတောင်သူများက တရားစွဲဆိုရာ ကျောင်းကော်မတီဒုဥက္ကဌက မမှန်မကန်သတင်းပေးကာ တိုင်းကြားမှုပြုသောကြောင့် တောင်သူများနစ်နာသဖြင့် ပြန်လှန်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ညနေ ၅ နာရီအချိန်တွင် မြေသိမ်းခံတောင်သူ ဦးစိုးလွင်ထံသို့ ဆင်မရဲစခန်းမှူးက အောက်ပါဆင့်ခေါ်စာဖြင့် ချိန်းဆိုခဲ့ကြောင်းသိရသည်။

သို့……… ဦးစိုးလွင် ဆင်မအုပ်စု ငွေဆောင်မြို့နယ်ခွဲ
အကြောင်းအရာ။ ။
ရဲစခန်းသို့လာ ရောက်အစစ်ခံပေးပါရန်အကြောင်း ကြားခြင်း အထက်အကြောင်းအပါကိစ္စနှင့် ပါတ်သတ်၍ ငွေဆောင်မြို့နယ်ခွဲ ဆင်မအုပ်စု ဆင်မအ.ထ.က(ခွဲ) မိဘဆရာအသင်းဒုဥက္ကဌဦးဌေး သန်း တိုင်တန်းချက်အရ ဆင်မကျောင်းခြံဝန်းနှင့် ပတ်သတ်၍ စစ်ဆေးရန်လိုအပ်ပါသဖြင့် ၂၃.၆.၂၀၁၄ရက်နေ့နံနက် ၈နာ ရီအချိန်တွင် ဦးစိုးလွင် ဦးညီညီလွင် ဦးတင်ဖေတို့အနေဖြင့် ဆင်မရဲစခန်းသို့ လာရောက်ပေးပါရန် အကြောင်း ကြားအပ်ပါသည်။

ရဲအုပ်ထွန်းထွန်းဦး
ဆင်မရဲတပ်ဖွဲ့စခန်း
ငွေဆောင်မြို့နယ်ခွဲ

တောင်သူများအနေဖြင့် မြေသိမ်း ခံရသည့်အပြင် လုပ်ကြံတိုင်တန်းမှုကိုပါ ရင်ဆိုင်နေရပြီး လွန်စွာနစ်နာနေရသဖြင့် မမှန်သတင်းပေး တိုင်ကြားသူအား ဥပဒေနဲ့အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Aye Chan Mon Credit To: Hinthata HumanRights
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top