ကုလသမဂ္ဂ၊ နိုဝင်ဘာ ၃ဝ
အမေရိကန်ပြည်ထောင်စုက စစ်ဖြစ်ခဲ့ပါက မြောက်ကိုရီးယား ခေါင်းဆောင်များလုံးဝပျက်သုဉ်း စေရမည်ဟု သတိပေးပြောကြားလိုက်သည်။ ကမ္ဘာ့နိုင်ငံများကိုလည်း မြောက်ကိုရီးယားနှင့်သံတမန်အဆက်အသွယ်နှင့် ကုန်သွယ် ရေးကိုဖြတ်တောက်ကြရန်လည်း တိုက်တွန်းလိုက်သည်။ တရုတ်ကိုလည်း မြောက်ကိုရီးယားအား ရေနံ မရောင်းရန် ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ ICBM တိုက်ချင်းပစ်ဒုံးပျံစမ်းသပ်မှုကို အရေးယူဆောင်ရွက်ရန် လုံခြုံ ရေးကောင်စီအစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။
မြောက်ကိုရီးယားခေါင်း ဆောင်က ကမ္ဘာကြီးကို စစ်နှင့်နီး အောင်လုပ်ခဲ့ကြောင်း အမေရိကန် ကုလသမဂ္ဂသံအမတ် နစ်ကီဟာ လေးက ပြောခဲ့သည်။ စစ်ဖြစ်ပွားခဲ့ပါက မြောက်ကိုရီးယားအစိုးရကို လုံးဝဖျက်ဆီးပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကင်ဂျုံအန်ကို ''ခွေးဝဲ စား''ဟုပြောခဲ့ပြီး ပိတ်ဆို့အရေးယူ မှုအသစ်များကိုချမှတ်ခဲ့သည်။ မြောက်ကိုရီးယား၏ဒုံးပျံသည် အမေရိကန်နိုင်ငံအနှံ့ပစ်ခတ်နိုင်သည်ဟုပြောကြားခဲ့ပြီးနောက် ထရန့်က အထက်ပါအတိုင်းပြော ခဲ့ခြင်းဖြစ်သည်။ ဤ ဟွာဆောင်- ၁၅ ဒုံးပျံစမ်းသပ်ပီးနောက် ကင်ဂျုံအန်က မြောက်ကိုရီးယားသည် နျူကလီးယားနိုင်ငံဖြစ်ပြီဟု ကြေ ညာခဲ့သည်။ ထရန့်ကလည်း ရှီကျင့်ဖျင်အား မြောက်ကိုရီးယားကို ရေနံ မရောင်းရန် ပြောကြားခဲ့သည်။
တရုတ်က ရေနံရောင်းချမှု ရပ်မည်မဟုတ်ကြောင်း၊ မိမိတို့က ရေနံပြဿနာကို မိမိတို့ဘာသာ ဖြေရှင်းသွားမည်ဖြစ်ကြောင်းဟာ လေးက ပြောခဲ့သည်။ နိုဝင်ဘာ ၂၉ ရက် လုံခြုံရေး ကောင်စီအစည်းအဝေးက ကြေ ညာချက်အသစ်မထွက်ခဲ့ဟုဆိုသည်။ ရုရှားက အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းရန် တိုက်တွန်းခဲ့သည်။ တရုတ်ကလည်း စစ်ရေးလေ့ကျင့် မှုရပ်၍ နျူကလီးယားအစီအစဉ် ရပ်ရန်အကြံပြုခဲ့သည်။ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအားကြီးမားသော ပိတ်ဆို့အရေးယူမှု သုံးကြိမ်ပြုလုပ် ခဲ့ပြီးဖြစ်သည်။
Ref:AFP
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.