0

အောင်နိုင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၉)

မုံရွာ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္ပဏီတို့ လုပ်ဆောင်နေသော လက်ပံတောင်း တောင်ကြေးနီစီမံကိန်းအား နောက်ပြန် ဆုတ်ရန်မရှိ ရှေ့တိုးဖို့ပဲရှိကြောင်း စီမံ ကိန်းနယ်မြေအခြေစိုက်ကုမ္ပဏီမှ အ ကြီးဆုးံပုဂ္ဂိုလ်ဖြစ်သည့် ဦးဆောင်ညွှန် ကြားရေးမှူး မစ္စတာဂန်းရီက မေ၁၉ ရက် ညနေ ၄နာရီတွင် တရုတ်နိုင်ငံ သားနှစ်ဦးကို ဒေသခံများဖမ်းဆီးထား မှုနှင့်ပတ်သက်၍ မုံရွာမြို့ခံမီဒီယာများ နှင့် ပြုလုပ်သောသတင်းစာရှင်းလင်း ပွဲတွင် ပြောကြားလိုက်သည်။

အဆိုပါဒေသတွင် လက်ပံတောင်း တောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် ဒေသခံများ ဆက်တိုက်ဆန္ဒ ထုတ်ဖော်မှုများရှိခဲ့ပြီး စီမံကိန်းမှ တ ရုတ်နိုင်ငံသားနှစ်ဦးကို မေ ၁၈ရက်နေ့ က ဆည်တည်းရွာဟောင်းမှ ဒေသခံ များက နာရီပေါင်း ၃ဝကျော်ကြာ ဖမ်း ဆီးခဲ့ကာ ၄င်းတို့၏လိုလားချက်များကို တောင်းဆိုသည်အထိ ဖြစ်ပွားခဲ့သည်။
မစ္စတာဂန်းရီက ''စာချုပ်အသစ် ပြန်ချုပ်ထားတယ်။ အစီရင်ခံစာက အ ကြံပေးတဲ့အတိုင်း နိုင်ငံတော်စီမံကိန်း ဖြစ်အောင် ပြန်ပြင်ပြီးလုပ်ဆောင်နေ တယ်။ အစိုးရဆီက အခွင့်အရေးတွေ နောက်တစ်ကြိမ်ထပ်ရသွားတယ်။ EIA SIA တွေပြန်ပြီး အကောင်အထည်ဖော် လုပ်ပါတယ်။

နောက်ပြီး ထပ်မံမြေယာ လျော်ကြေးတွေပေးလိုက်တယ်။ တောင် ကြားက စေတီကလဲ ဗန်းမော်ဆရာတော် ကြီးရဲ့သြဝါဒခံယူပြီး သင့်တော်တဲ့နေ ရာ ပြောင်းရွှေ့ပေးပါတယ်။ ဒေသခံတွေ နဲ့တွေ့ဆုံဆွေးနွေးပွဲတွေအကြိမ်ကြိမ် လုပ်တယ်။ ဘာကြောင့်မို့ လွန်ခဲ့တဲ့နှစ် နှစ်လောက်က အနေအထားမျိုးရောက် အောင်၊ ဖြစ်အောင် တောင်းဆိုနေတာ ဘယ်လိုလုပ်လို့ရမလဲ၊ ဒေသခံတွေစဉ်း စားရမှာက နောက်စီမံကိန်းမှာစားဝတ် နေရေးအတွက် ကောင်းမွန်အောင် ဘယ် လိုလုပ်မလဲ စဉ်းစားထားရမှာပါ''ဟု ပြော ဆိုသည်။

ယင်းအပြင် တရုတ်နိုင်ငံသားနှစ် ဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ''ကျွန် တော် မြန်မာပြည်ရောက်တာ ရှစ်နှစ် ရှိပါပြီ။ ဒီလိုအကြမ်းဖက်တာမျိုး မကြုံဖူး ဘူး။ ၂ဝ၁၂ မတ်၁၂ရက်ကလဲ ဆည် တည်းရွာနားမှာ ဒီလိုမျိုးတစ်ခါဖြစ်တယ်။ မြန်မာပြည်က စိတ်ကောင်းစေတနာရှိ ကြပါတယ်။ မှားရင်လဲ ခွင့်လွှတ်တတ် တဲ့နိုင်ငံတစ်ခုပါ။ စီမံကိန်းရပ်ဆိုင်းစေ ချင်ရင် ပုံမှန်လမ်းကြောင်းရှိပါတယ်။ အခုဟာက ပုံမှန်မဟုတ်တဲ့ လမ်းကြောင်း ကိုဘာလို့ကျင့်သုံးပြီး လုပ်သလဲဆိုတာ စဉ်းစားမရဘူး''ဟု ¤င်း၏စကားပြန်မှ တစ်ဆင့် ပြောဆိုသည်။

ACM Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top