Published on: May 14, 2014
Written by: အောင်ဇော်ထွန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု အောက်မြန်မာပြည် ဟောပြောပွဲကို မေ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ လည်းကောင်း၊ အထက်မြန်မာပြည် ဟောပြောပွဲကို မေ ၁၈ ရက်တွင် မန္တလေးမြို့ရှိ အောင်ပင်လယ် အားကစားကွင်း၌ လည်းကောင်း ပြု လုပ်ရန် စီစဉ်ထားရာ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုမိန့် ရရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့၌ပြုလုပ်မည့် ဟောပြောပွဲကို မေ ၁၇ ရက် နံနက် ၈ နာရီခွဲမှ စတင်ပြုလုပ်မည်ဖြစ်ပြီး မန္တလေးမြို့၌ ပြုလုပ်မည့် ဟောပြောပွဲကို မေ ၁၈ ရက် နံနက် ၁၀ နာရီမှ စတင်ပြုလုပ်သွားမည်ဖြစ်ကာ အဆိုပါ ဟောပြောပွဲများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်တို့က အဓိက ဟောပြောသွားမည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာများကို NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် အခြားသတ်မှတ်ထားသူ တစ်ဦးတို့က ရှင်းလင်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး NLD မှ အတွင်းရေးမှူး ဦးတင်ကိုကိုက “ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကတော့ မေ ၁၂ ရက် ညနေပိုင်းက ရပါတယ်။ အောင်ပင်လယ်ကွင်းမှာ လုပ်ပါမယ်။ နံနက် ၁၀ နာရီ လုပ်ပါတယ်။ စည်ပင်သာယာကနေ ခွင့်ပြုမိန့်ကတော့ မေ ၁၄ ရက်မှာ ရပါတယ်” ဟု ပြောကြားသည်။
ရန်ကုန်မြို့၌ပြုလုပ်မည့် ဟောပြောပွဲကို မေ ၁၇ ရက် နံနက် ၈ နာရီခွဲမှ စတင်ပြုလုပ်မည်ဖြစ်ပြီး မန္တလေးမြို့၌ ပြုလုပ်မည့် ဟောပြောပွဲကို မေ ၁၈ ရက် နံနက် ၁၀ နာရီမှ စတင်ပြုလုပ်သွားမည်ဖြစ်ကာ အဆိုပါ ဟောပြောပွဲများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်တို့က အဓိက ဟောပြောသွားမည်ဖြစ် . . . . .
ဟောပြောပွဲသို့ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများမှ ပြည်သူများ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်များမှ ပြည်သူများ တက်ရောက်နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများကို ချိတ်ဆက်ဆောင်ရွက်ထားပြီး ယင်းတိုင်းနှင့် ပြည်နယ်ခုနစ်ခုလုံးမှ ကိုယ်စားပြု တက်ရောက်ကြမည်ဖြစ်သည်ဟု ဦးတင်ကိုကိုက ဆက်လက်ပြောကြားသည်။
“ခွင့်ပြုချက်ရတာ ကြာပါပြီ။ မန္တလေးကတော့ ကျွန်တော်တို့လို မဟုတ်ဘူး။ ကျွန်တော်တို့ ရန်ကုန်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြာသပတေးနေ့မှာ အမြဲတမ်းအစည်းအဝေး ထိုင်တယ်။ အဲဒါကို မီအောင်တင်ပေးရန် နောက်နေ့ကျရင် ထွက်လာတာပဲ။ အခု ကျွန်တော်တို့ သတင်းရထားတာကတော့ ဒိုက်ဦးတို့ ပဲခူးတို့ဘက်ကနေ တက်လာကြမယ့် အဖွဲ့တွေ အများကြီးပဲ ရှိတယ်။ ရန်ကုန် အနီးအနားတိုင်းတွေက တက်လာမှာရှိတယ်။ ကျွန်တော်တို့ အကုန်လုံး အဆင်ပြေအောင်တော့ လုပ်ထားပါတယ်” ဟု ရန်ကုန်တိုင်း လူထုဟောပြောပွဲဆိုင်ရာ ဆပ်ကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုးညွန့်က ပြောကြားသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲနှင့် ပြည်သူလူထု လက်မှတ်ရေးထိုး လှုပ်ရှားမှုပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်ငါးဦးစီ ပါဝင်သော ပူးတွဲဗဟိုကော်မတီကို မေ ၄ ရက်ကဖွဲ့စည်းခဲ့ပြီး အောက်မြန်မာပြည် ဟောပြောပွဲအတွက် ရန်ကုန်တိုင်း လူထုဟောပြောပွဲဆိုင်ရာ ဆပ်ကော်မတီနှင့် အထက်မြန်မာပြည် ဟောပြောပွဲအတွက် မန္တလေးတိုင်း လူထုဟောပြောပွဲဆိုင်ရာ ဆပ်ကော်မတီတို့ကိုလည်း ဖွဲ့စည်းခဲ့သည်။
Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment