ပြီးခဲ့သည့် တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ ဂျကာတာတွင် ပြုလုပ်ခဲ့သည့် ဘင်္ဂါလီအရေး ဆန္ဒပြပွဲတွင် မလေးဝန်ကြီးချုပ် နာဂျစ်က မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ပြောဆိုရုံမက ကြိမ်းမောင်းခြင်း ကဲ့ရဲ့ခြင်း စိန်ခေါ်ခြင်း များကို ပြုမူ ပြောဆိုခဲ့ကြောင်း မီဒီယာစာမျက်နှာများစွာက ဖော်ပြခဲ့ကြသည်။
အာဆီယံအဖွဲ့ ဝင် ၁၀ နိုင်ငံအကြားတွင် အဖွဲ့ ဝင်နိုင်ငံမှ တစ်ဦးက တခြားနိုင်ငံခေါင်းဆောင် တစ်ဦးကို ယခုကဲ့သို့ အမူအရာမျိုးနှင့် ပြောကြားသည်မှာ ဘယ်တုန်းကမျှ မရှိခဲ့ဖူးချေ။ မလေးရှားဝန်ကြီးချုပ် နာဂျစ်၏ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါသတကြီး ပြစ်တင်ခဲ့သော မိန့်ခွန်းနှင့်ပတ်သက်ပြီး ဘာကြောင့် သည်လိုလုပ်ခဲ့သည် ဆိုတာနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။
နာဂျစ်နှင့် သူ၏ မိသားစုဝင်များ၏ အကျင့်ပျက်ခြစားမှုများကြောင့် သူ့ကိုရာထူးက ဆင်းပေးရန် တောင်းဆိုမှုများအတွက် သူက ယခုကဲ့သို့ အာရုံလွှဲခြင်းလားဟု မေးစရာဖြစ်လာသည်။ မလေးရှား၏ အာဆီယံသံတမန်ရေးရာကို ပြသ၁နာဖြစ်စေသည့် ရန်လိုသည့် သဘောပါသည့် သံတမန်ရေး ဆောင်ရွက်ခဲ့ဖူးခြင်းမှာ ယခုမှ ပထမအကြိမ် မဟုတ်ပါ။
၂၀၀၄ ခုနှစ်ကလည်း ဗီယန်ကျင်း အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် မလေးရှားသည် မလေးလူမျိုး မွတ်ဆလင်များနှင့် ထိုင်းတောင်ပိုင်းရှိ ထိုင်းစစ်တပ်အကြား ပဋိပက္ခများ ဖြစ်ပွားအောင် ခြိမ်းခြောက်ခဲ့ရာ ထိုအချိန်က ထိုင်းဝန်ကြီးချုပ် ဖြစ်နေသည့် သက်ဆင်က သည်ပြသ၁နာသည် ထိုင်း၏ပြည်တွင်းရေးသာ ဖြစ်ကြောင်း၊ သည်ပြသ၁နာကို အစည်းအဝေးမှာ တင်ပြလာလျှင် အစည်းအဝေးကို သပိတ်မှောက်မည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့သည်။
၂၀၁၆ ခုနှစ် ဇွန်လက တောင်တရုတ် ပင်လယ်ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်ပြီး တရုတ်နှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မလေးရှားက အာဆီယံအဖွဲ့၏ အဆိုပါပြသ၁နာနှင့် ပတ်သက်၍ အတည်မပြုရသေးသော မူကြမ်းကို ထုတ်ပြန်ခဲ့သဖြင့် တခြားအဖွဲ့ ဝင်နိုင်ငံများမှာ အရှက်များစွာ ရခဲ့သည်။
ယခုတခါတွင်လည်း နာဂျစ်က သည်လမ်းကြောင်းပေါ်မှာ နေရာယူပြီး မွတ်ဆလင်အများစု ဖြစ်သော အင်ဒိုနီးရှားကိုလည်း ရခိုင်ဒေသမှ မွတ်ဆလင်များနှင့် တစ်သွေးသားတည်း ခိုင်မာကြောင်း ပြရန် တောင်းဆိုခဲ့သည်။ ကမ္ဘာတွင် မွတ်ဆလင်လူဦးရေ အများဆုံးရှိသည့် အင်ဒိုနီးရှားက နာဂျစ်၏ တောင်းဆိုမှုကို ယခုထိ တိုက်ရိုက် မတုံ့ပြန်သေးသော်လည်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆီဒီကို နေပြည်တော်ကို ဒီဇင်ဘာ ၆ ရက်နေ့ က စေလွှတ်ခဲ့ပြီး အခြား သံတမန်ရေးရာ တွေ့ဆုံမှုများ ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။
နာဂျစ် ၏ လက်ရှိ ဆောင်ရွက်မှုများသည် အာဆီယံအဖွဲ့ဝင်နိုင်များ အကြား ငြိမ်းချမ်းမှုနှင့် ညီညွတ်စည်းလုံးမှုကို အသားပေးသည့် အာဆီယံ၏ ရေရှည် ကတိကဝတ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
လက်ရှိအချိန်တွင် အထူးသဖြင့် ဂျကာတာမြို့တော်ဝန် ခရစ်ယာန်ဘာသာဝင် ဘဆူကီ တီဂျက်ဟာဂျာကို အစ္စလာမ်ကို ဆန့်ကျင်မှုနှင့် ပတ်သက်ပြီး အပြစ်ပေးရန် ဖိအားပေးခံနေရချိန်တွင် သမ္မတ ဝီဒိုဒိုသည် ဥာဏ်ပညာရှိစွာဖြင့် အဆိုပါ အထိခိုက်မခံသည့် သည်ပြသ၁နာက ဘာသာရေး လွတ်လပ်ခွင့်နှင့် အများစုအကြားမှာ အင်ဒိုနီးရှား၏ ရပ်တည်မှုကို စမ်းသပ်နေသည့် အရာလည်းဖြစ်သည်။
နာဂျစ်၏ ဘာသာရေးကို အသုံးချဝင်ကစားခြင်းကြောင့် အာဆီယံနိုင်ငံများအတွင်း အခြားဘာသာနှင့် မွတ်ဆလင်များအကြား ကွဲပြားမှုကို ပိုဆိုးစေသည်။ အာဆီယံနိုင်ငံများ လူဦးရေ သန်း ၆၃၀ ၏ ၆၀ ရာခိုင်နှုန်းမှာ မွတ်ဆလင်များ ဖြစ်ကြသည် ။ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် ငါးနိုင်ငံတွင် မွတ်ဆလင် နည်းပါးပြီး ဖိလစ်ပိုင်တွင် ခရစ်ယာန်ဘာသာဝင် ၁၁၀ သန်း ရှိသည်။
ရခိုင်ဒေသက မွတ်ဆလင်များ ကာကွယ်ရေးကို အသားပေးခြင်းသည် အာဆီယံအသင်းဝင် အသိုင်းအဝိုင်း အချင်းချင်းကြားကို ဘာသာရေး ပြသ၁နာ ဆွသလို ဖြစ်နိုင်သည်။ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက မလေးရှား၏ ပြောကြားချက်ကို ပယ်ချခဲ့ပြီး ရခိုင်ပြည်နယ်က ပြသ၁နာများသည် မြန်မာ၏ ပြည်ထဲရေးသာဖြစ်ပြီး မြန်မာအစိုးရ ဘာသာ ဖြေရှင်းပါစေဟု တောင်းဆိုခဲ့သည်။
လင်းလင်း
The Ladies News
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.