ဂျပန်နိုင်ငံသည် အာကာသ အမှိုက်များကို ရှင်းလင်းရန် ရည်ရွယ်ထားသည့် ဒုံးကျည်တစ်စင်းကို စမ်းသပ် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ကုန်တင် အာကာသယာဉ် တစ်စီး တွဲဖက်ပါသွားသည့် ဒုံးကျည်ကြောင့် ကမ္ဘာပတ်လမ်းအတွင်း အရေအတွက် များပြားစွာ ရှိနေသည့် အာကာသ အမှိုက်များကို အတိုင်းအတာ တစ်ရပ်အထိ ရှင်းလင်းနိုင်မည်ဟု ယုံကြည်ကြောင်း ဂျပန် နက္ခတ်ဗေဒ ပညာရှင်များက ဆိုသည်။
ကုန်တင် အာကာသယာဉ် တစ်စီး တွဲဖက်ပါသွားသည့် ဒုံးကျည်ကြောင့် ကမ္ဘာပတ်လမ်းအတွင်း အရေအတွက် များပြားစွာ ရှိနေသည့် အာကာသ အမှိုက်များကို အတိုင်းအတာ တစ်ရပ်အထိ ရှင်းလင်းနိုင်မည်ဟု ယုံကြည်ကြောင်း ဂျပန် နက္ခတ်ဗေဒ ပညာရှင်များက ဆိုသည်။
အဆိုပါ ယာဉ်သည် အလျူမီနီယံနှင့် သံမဏိ ဝါယာများကို အသုံးပြုကာ လျှပ်စစ်သံလိုက် စက်ကွင်းများ ဖန်တီးနိုင်မည် ဖြစ်သည်။ အဆိုပါ သံလိုက်စက်ကွင်းသည် မီတာ ၇၀၀ အကွာအဝေးအတွင်း ရှိနေသော အာကာသ အမှိုက်များ၏ ရွေ့လျားမှုကို နှေးကွေးသွားစေပြီး ကမ္ဘာပတ်လမ်း အပြင်ဘက်သို့ ဖယ်ရှား ရှင်းထုတ်စေမည် ဖြစ်သည်။
ကမ္ဘာပတ်လမ်းတွင် ဂြိုဟ်တုဟောင်းများမှ အစိတ်အပိုင်းများ၊ အာကာသထဲ ပစ်လွှတ်ထားသည့် ဒုံးပျံဟောင်းများ အပါအဝင် အာကာသအမှိုက် အရေအတွက် သန်း ၁၀၀ မျှ ရှိသည်ဟု ခန့်မှန်းထားသည်။ အဆိုပါ အာကာသအမှိုက် အများစုသည် ပျမ်းမျှ တစ်နာရီလျှင် မိုင် ၁၇၅၀၀ နှုန်းမျှ မြန်ဆန်စွာဖြင့် ကမ္ဘာပတ်လမ်းအတွင်း ရွေ့လျားနေရာ ဆက်သွယ်ရေး ဂြိုဟ်တုများကို ဆိုးရွားစွာ ပျက်စီးထိခိုက်မှုများ ဖြစ်ပေါ်စေလေ့ရှိသည်။
၁၉၅၇ ခုနှစ်တွင် ဆိုဗီယက်က Spuntnik ဂြိုဟ်တုကို စတင်လွှတ်တင်ပြီးချိန်မှစ၍ အာကာသ အမှိုက်များ ကမ္ဘာပတ်လမ်းတွင် စတင် စုရုံးလာခြင်း ဖြစ်သည်။ ထို့အပြင် ဂြိုဟ်တုများနှင့် တိုက်မိခြင်း၊ ကမ္ဘာပတ်လမ်းတွင် ဂြိုဟ်တုဖျက် လက်နက်စနစ်များ စမ်းသပ်ခြင်းတို့ကလည်း အခြေအနေ ပိုမိုဆိုးရွားလာစေကြောင်း သိရှိရသည်။
Ref: BBC
http://www.7daydaily.com/story/83147
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.