0

ရန်ကုန်၊ စက်တင်ဘာ ၂၃
လာမည့် သုံးလေးနှစ်အတွင်း မြန်မာ့ တပ်မ တော်၌ ရေငုပ်သင်္ဘောမြင်ရဖွယ်ရှိ ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် စက်တင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ၌ စာနယ်ဇင်းကောင်စီ(ယာယီ)၊ သက် ဆိုင်ရာအဖွဲ့အစည်းများ၊ နေ့စဉ် ထုတ်သတင်းစာများ၊ ရုပ်သံမီဒီယာ များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အဆို ပါတွေ့ဆုံပွဲ၌ ပြည်တွင်းသတင်း မီဒီယာတစ်ခု၏ မေးမြန်းချက်ကို ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ''ရေငုပ်သင်္ဘောဆိုတာ တိုင်း ပြည်အတွက် ရှိရင်တော့ကောင်း တာ ပေါ့။ မြန်မာနိုင်ငံရဲ့ ရေမိုင်က ၁၉၈၀ မိုင်ရှိတယ်။ လိုချင်တာတော့ အမှန်ပဲ။ နောင်သုံးလေးနှစ်အတွင်း မြန်မာနိုင်ငံမှာ ရေငုပ် သင်္ဘောမြင်ရမယ်လို့ထင် ပါတယ်။ ဖြစ်နိုင်အောင်လဲ ကြိုးစား နေပါတယ်''ဟု ပြောကြားခဲ့သည်။
ရေငုပ်သင်္ဘောနှင့်ပတ်သက် ပြီး ၎င်း၏ပြည်ပခရီးစဉ်များအဖြစ် ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ ခရီး စဉ်များအတွင်း သေချာကြည့်ရှုလေ့ လာခဲ့ဖူးကြောင်း၊ ရေငုပ်သင်္ဘော၏နည်းပညာမှာ သာမန်အားဖြင့် မည် သို့မျှမဟုတ်ဟု ထင်ရသော်လည်း အလွန်ရှုပ်ထွေးကြောင်း၊ တန်ဖိုး အား ဖြင့်လည်း ရေငုပ်သင်္ဘောအလတ် တန်းစားတစ်စင်းတန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ သန်း ၂၀၀ ခန့်ရှိ၍ နိုင်ငံတော်ဘတ်ဂျက်အနေဖြင့်လည်း အခက်အခဲရှိကြောင်း ယင်းကပြော ကြားခဲ့သည်။
ဆက်လက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ''ပြင်ဆင်မှု တွေတော့ ရှိပါတယ်။ ထရိန်နင်တွေ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့လေ့ ကျင့်တာတော့မရှိသေးပါဘူး။ တိုင်း ပြည်ကာကွယ်ရေးအတွက် လိုချင် ပါတယ်။ အရင်တုန်းကဆိုရင် ရေ ပေါ်ရေအောက် သယံဇာတ ပစ္စည်း တွေခိုးခံရတာတွေရှိတယ်။ ဒါတွေကိုသိပါတယ်။ ကမ်းရိုးတန်းဒေ သ တွေဖြစ်တာတွေ မကာကွယ်နိုင် ဘူး။ ၁၉၉၀ ပြည့်နောက်ပိုင်း မှာတော့ ရေတပ်တွေတိုးချဲ့လာတော့ တော် တော်လေးကာကွယ်နိုင်တာရှိတယ်။ သို့သော်လဲ မပြည့်စုံပါဘူး။ မပြည့် စုံလို့ ပြည်တွင်းမှာ တည်ဆောက် တာ တွေလဲလုပ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်ရေရဲ့ ရေတပ် ဖရီးဂိတ် ရေယာဉ်တွေ တည်ဆောက်တာတွေ ရှိပါတယ်။ မီတာ ၁၅၀ အောက် စစ် ရေယာဉ်ဆောက်နေပါတယ်။ လက် နက်တွေလဲ တပ်ဆင်နေပါတယ်''ဟု ပြောကြားခဲ့သည်။
ထိုသို့ မြန်မာ့တပ်မတော်ရေ အတွက် ပြင်ဆင်မှုများပြုလုပ်နေသော် လည်း နည်းပညာပိုင်းအရ လိုအပ် ချက်များရှိနေသေး၍ ပြည်ပမှ နည်း ပညာမြင့်မားသည့် ကင်းလှည့်ရေ ယာဉ်များဝယ်ယူရန် ကြိုးစားနေ ကြောင်း မကြာခင်က သွားရောက် ခဲ့သည့် အစ္စရေးနိုင်ငံခရီးစဉ်အတွင်း လည်း ဆွေးနွေးမှုများရှိခဲ့ကာ မကြာခင် မြန်မာနိုင်ငံသို့ရောက် ရှိလာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ပင်လယ် ပြင် ကာကွယ်ရေးအတွက် အစီအမံ များနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။
KMK
Yangon Media Group

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top