နမူယာ အောက်တိုဘာ ၂ဝ
ဘယ်လ်ဂျီယံ အရှေ့တောင်ပိုင်း နမူယာမြို့အနီး၌ ခရီးသွားလေယာဉ် ငယ်တစ်စင်းပျက်ကျခဲ့ရာ အနည်းဆုံး လူ ၁ဝ ဦး သေဆုံးကြောင်း တာဝန်ရှိသူများကပြောသည်။
လေထီးခုန်သမားများကို သယ်ဆောင်လာသော အဆိုပါ လေယာဉ်သည် လေဆိပ်မှပျံတက်သွားပြီး မကြာမီပျက်ကျသွားရာ လိုက်ပါသွားသူအားလုံး သေဆုံးသွားကြောင်း ဒေသဆိုင်ရာမြို့တော်ဝန်က အေအက်ဖ်ပီသတင်း အေဂျင်စီသို့ပြောသည်။
အဆိုပါ လေယာဉ်သည် တန်းဘလောက်လေဆိပ်မှ ပျံတက်အပြီး ၁ဝ မိနစ်ခန့်အကြာတွင် ပျက်ကျသွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ လေယာဉ်တောင်ပံတွင် ချွတ်ယွင်းချက်ရှိ၍ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဘယ်လ်ဂျီယံ သတင်းများတွင် ဖော်ပြသည်။
ယင်းလေယာဉ်သည် နမူယာမြို့မှ ခြောက်မိုင်အကွာ မာချိုဗီလက်ဘေး ကျေးရွာအနီး ပျက်ကျခဲ့ခြင်း ဖြစ်သည်။
ခရီးသည်များ ခုန်ထွက်ချိန်မရလိုက်၍ လိုက်ပါသွားသူအားလုံးသေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများကပြောကြားသည်။
(ဘီဘီစီ)
အေးချမ်းမွန် Credit To > သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
Post a Comment