0


AFP

ဂျပန်၏ ယခင်စစ်ဝါဒနိမိတ်ပုံတစ်ခုအဖြစ် ရှုမြင်ထားကြသည့် ယာဆူကူနီဗိမာန် (Yasukuni #Shrine)သို့ ဂျပန်ဝန်ကြီးတစ်ဦးသွားရောက် အလေးပြုခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ထိုသို့လုပ်ဆောင်ပါက တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံက ဒေါသထွက်ဖွယ်ရှိသည်။ ဂျပန်နိုင်ငံသားများ မြောက်ကိုရီးယား၏ ပြန်ပေးဆွဲခြင်းခံရပါက ပြဿနာဖြေရှင်းရေးကို အဓိကထားဆောင်ရွက်ရသော ၀န်ကြီးခေဂျီဖူရုရာက သူအနေဖြင့် အိမ်နီးချင်းနိုင်ငံများကို ဒေါသဖြစ်စေရန် မရည်ရွယ်ကြောင်း ပြောဆိုခဲ့သည်။

“စစ်အတွင်းက တိုင်းပြည်အတွက် အသက်ပေးသွားတဲ့လူတွေကို ဂါရ၀သွားပြုတာပါ။ အိမ်နီးချင်းနိုင်ငံတွေကို ဒေါသဖြစ်စေဖို့ မရည်ရွယ်ပါဘူး” ဟု ၀န်ကြီးက ပြောဆိုခဲ့သည်။

ယာဆူကူနီဗိမာန်တွင် စစ်အတွင်းက သေဆုံးသွားသည့် လူပေါင်း ၂ ဒသမ ၅ သန်းကို ဂုဏ်ပြုထားပြီး ယင်းဗိမာန်ကို ဂျပန်ဝန်ကြီးများ လာရောက်ဂါရ၀ပြုခြင်းက အိမ်နီးချင်းနိုင်ငံများကို ဒေါသထွက်စေသည်။ အထူးသဖြင့် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့အား ကျူးကျော်သိမ်းပိုက်ခြင်း အမှတ်လက္ခဏာ ဖြစ်သည်ဟု ယင်းတို့က ယူဆထားသည်။

ဇူလိုင်လအတွင်းကလည်း တရားရေးဝန်ကြီး Sadakazu Tanigaki စိုက်ပျိုးရေးဝန်ကြီး Yoshimasa Hayashi ဘေးဒုက္ခ ပြန်လည် ကယ်ဆယ်ရေးဝန်ကြီး Takumi Nemoto နှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဝန်ကြီး Tomomi Inada တို့က ယာဆူကူနီ ဗိမာန်ကို လာရောက်ဂါရ၀ပြုခဲ့သည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top