ထားဝယ်မြို့နယ် ကံပေါက်တိုက်နယ်ရှိ သတ္တုမိုင်းရေဆိုးထိန်းကန်ကျိုးပေါက်သွားခဲ့သဖြင့် ရေစီးနှင့် လူနေအိမ် ၁၆လုံးမျောပါ ပျက်စီးပြီး ကလေးငယ်တစ်ဦးသေဆုံးသွားသည်။
စက်တင်ဘာ ၂၃ ရက်ညက ကံပေါက်တိုက်နယ်ရှိ Delco သတ္တုမိုင်း ရေဆိုးထိန်းကန်( နှုံးရေစစ်ကန်)ကျိုးပေါက်သွားပြီး ရဲရင်းချောင်းအတွင်းသို့ရေစီးဝင်ကာ နှုံးမြေများမျောပါမှု့ကြောင့် ကံပေါက်တိုက်နယ်ရှိ မြသီတာ ၊ခိုင်သီတာ ၊မဂ္ဂင်ရပ်ကွက် တို့မှ လူနေအိမ်လူနေအိမ် ၁၆လုံးရေစီးနှင့်မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ကန်ကျိုးပေါက်မှု့ကြောင့် အိမ်ခြေ ၄၈ လုံးမှ လူဦးရေ ၂၀၀ကျော်ကို မဂ္ဂင်ရပ်ကွက်ရှိ ဗောဓိမာန်အောင်ကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ ပြောင်းရွေ့ထားသည်။

Post a Comment