0

အောင်ဖြိုးဦး ၊ ရန်ကုန်၊
မန္တလေးတိုင်းစဥ့်ကူးမြို့နယ်ရှိ ကံတောင်ကျေးရွာတွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဇနီးသည်ကို မကျေနပ်၍ပုခက်အတွင်း အိပ်နေသော သမီးငယ်ကို ဖခင်အရင်းက ဓားနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၁ရက်က ကံတောင်ကျေးရွာရှိ အောင်ချမ်းသာရပ်ကွက်တွင် အသက် ၂ဝ ခန့်အရွယ်ရှိ လင်မယားအချင်းချင်းစကားများရာမှ ယောက်ျားက မကျေနပ်၍ မိန်းမကိုဓားဖြင့်ထိုးစဉ် ထွက်ပြေးသွားသဖြင့် အိပ်နေသော တစ်လ သား ခန့်အရွယ်ရှိကလေးကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းကို လက်ပန်လှရဲစခန်း မှ ဒုရဲအုပ်ဦးသိန်းမြင့်မောင်က ပြောသည်။
''အရက်မူးနေတာ မိန်းမနဲ့စကားများပြီး မိန်းမကိုမလုပ်ရလို့ ကလေး ကို အရက်ကြောင်ပြီး လုပ်လိုက်တာနေမှာပေါ့''ဟု ၄င်းကဆိုသည်။
ဖခင်ဖြစ်သူ ဓားမြှောင်ဖြင့်ထိုးမှုကြောင့် ကလေးငယ်တွင် မျက်နှာပွန်းပဲ့ ဒဏ်ရာ၊ ဝမ်းဗိုက်တွင်ဓားဒဏ်ရာများ ရရှိကာ ကျည်တောက်ပေါက်တိုက်နယ် ဆေးရုံသို့ ကုသရန်သွားစဉ် လမ်း၌သေဆုံးသွားခဲ့သည်။
အဆိုပါအမှုကို ကလေး၏အဘွားက တရားလိုတိုင်တန်း၍ လက်ပန်လှ ရဲကင်းရဲစခန်းတွင် ပုဒ်မ ၃ဝ၂ဖြင့် အရေးယူဆောင်ရွက်နေကြောင်းသိရသည်။

Yangon Media Group

Post a Comment

 
Top