၁၂-၆-၁၄ ရက်မှာ ထုတ်ဝေတဲ့ ဒီမိုကရေစီနဲ့ မဇ္ဈိမ နေ့စဉ်သတင်းစာနှစ်စောင်မှာ ရေးသားထားတာ အကြောင်းအရာတူပေမယ့် ဖော်ပြပုံချင်းမတူတာကို တွေ့ရပါတယ်။
ဒီမိုကရေစီတူဒေးသတင်းစာက မျက်နှာဖုံးမှာ ခေါင်းစဉ်ကို စာလုံးအကြီးနဲ့ “ရတနာပုံ တယ်လီပို့မှ တန်ဖိုးနည်းဆင်းကတ်များ သြဂုတ်လအတွင်း အခမဲ့ဖြန့်ချိမည်၊ မက်ဆေ့ခ်ျအစောင် ၃၀ ခန့် အခမဲ့ပေးပို့နိုင်မည့် စနစ်ပါ ထည့်သွင်းပေးသွားမည်”လို့ ရေးထားပြီး အတွင်းစာမျက်နှာမှာ တန်ဖိုးနည်းဆင်းမ်ကတ်များကို လာမည့်သြဂုတ်လအတွင်း အခမဲ့ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်လက်ရှိပြီး အခြားသော အော်ပရေတာများနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စေရန် ကုမ္ပဏီက ဆင်းမ်ကတ်များကို နှုန်းတစ်ခု သတ်မှတ်၍ ရောင်းချမည်မဟုတ်ဘဲ အခမဲ့ပေးသွားမည့်အပြင် ထပ်ဆောင်း ၀န်ဆောင်မှုအဖြစ် မက်ဆေ့ခ်ျအစောင် ၃၀ ခန့် အခမဲ့ ပေးမယ်လို့ ဖော်ပြပါတယ်။ မဇ်္ဈိမသတင်းစာမှာတော့ အတွင်းစာမျက်နှာမှာ “တယ်လီကွန်းလိုင်စင်ရရှိပြီးပါက
တယ်လီဖုန်းလိုင်းများ ချပေးရာမှာ ၀န်ဆောင်မှုအမျိုးမျိုးနဲ့ ၀န်ဆောင်မှုပေးသွားဖြစ်ပေမယ့် လက်ရှိထွက်ပေါ်နေတဲ့ ဖုန်းဆင်းမ်ကတ်များ အခမဲ့ချပေးမယ့် သတင်းမှန်ကန်မှု မရှိဘူးလို့ ရတနာပုံတယ်လီပို့က ဒါ ရိုက်တာအဖွဲ့ဝင် ဦးရှိန်းသူအောင်က ပြောတယ်လို့ မဇ္ဈိမက ရေးပါတယ်။ စာဖတ်သူတွေအနေနဲ့ ဂျာနယ်၊ သတင်းစာတွေမှာ မျက်နှာဖုံးမှာ ပါတဲ့သတင်း၊ မြန်မာစာနယ်ဇင်ကောင်စီ(ယာယီ)က ထုတ်ဝေတဲ့ သတင်းမီဒီယာ ကျင့်ဝတ်စာအုပ်ထဲမှာပါတဲ့ “မတိကျသော၊ အနက်ကောက်လွဲစေသော ပုံဖျက်ထားသော အချက်အလက်များကို ရေးသားထုတ်လွှင့်ခြင်း မပြုလုပ်ရပါ” ဆိုတာကို သတင်းရေးသူတွေ သတိပြုနိုင်ကြပါစေ။
စာဖတ်သူတွေရဲ့ ခံစားချက်၊ အသံတွေကို ပေးပို့ချင်တယ်ဆိုရင် ဆက်သွယ်ဖို့အတွက်
မဇ္ဈိမမီဒီယာဂရု၊
အခန်းအမှတ် ၄၀၇၊ (၄)လွှာ၊ (စီ)ဆောင်
ကမ္ဘာအေးစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် mizzima@mizzima.com သို့ ပေးပို့နိုင်ကြပါတယ်။
Aye Chan Mon Credit To: Mizzima - News in Burmese
http://
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.