0

နေ့စဉ်ထုတ်သတင်းစာတွေမှာ သတင်းထူး၊ သတင်းဦးတွေ ဖော်ပြနိုင်ဖို့ တစ်စောင်နဲ့တစ်စောင် အပြိုင်အဆိုင် ကြိုးပမ်းပြီးရေးသား ဖော်ပြနေကြတာဟာ မြန်မာနိုင်ငံပုံနှိပ်မီဒီယာ ဖွံ့ဖြိုးရေးအတွက် အလွန်ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်တယ်လို့ စာဖတ်သူများက ကြိုဆိုကြပါတယ်။

ယနေ့လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများအပြင် ဘာသာရေးကိစ္စများကလည်း လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့အတွက် စာဖတ်သူများက စိတ်ဝင်စားကြပေမယ့် ဒီလိုရေးကြတဲ့ တင်ပြချက်တွေ အပေါ်ဖတ်သူတွေရဲ့ ခံစားချက်နဲ့အမြင် ကွဲပြားနေတတ်ပါတယ်။

သတင်းကျင့်ဝတ်အရ သတင်းတစ်ပုဒ်အတွက် အကြောင်းအရာပေါ် မူတည်ပြီး သက်ဆိုင်တဲ့ဌာန၊ ကုမပ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ်္ဂိုလ်တွေရဲ့အသံတွေကို ထည့်သွင်းဖော်ပြရပါတယ်။ ဒါကို တချို့ကိစ္စတွေမှာ တစ်ဖက်ပြောစကားကြောင့် ပြဿနာပိုကြီးထွားလာနိုင်တယ်လို့ ယူဆတဲ့တာတွေကိုတော့ စာဖတ်သူက မလိုအပ်ရင် မဖော်ပြစေချင်ကြပါဘူး။

တချို့ကတော့ ဒီလိုမျိုးနှစ်ဖက်ရဲ့ အသံမူရင်းအတိုင်း တသွေမတိမ်း ဖော်ပြတာကို သဘောကျ နှစ်သက်ပါတယ်။ ဒါကို မဇ္ဈိမသတင်းစာမှာ ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်နဲ့ ဥပမာပေးရရင် “မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းလိုက်ပါက ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ပျက်ပြားစေနိုင်သည်” ဟု အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ၅-၅-၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်မှုသတင်းအပေါ် ဦးဝီရသူရဲ့ တုံ့ပြန်ပြောကြားချက်ကို ရေးသားဖော်ပြရာမှာ “မျိုးစောင့်ဥပဒေကို နှစ်ယောက်တစ်ပိုင်းဖွဲ့ထားတဲ့ အဖွဲ့သေးသေးလေးတွေက ၀ိုင်းဝန်းပြီး ကန့်ကွက်တာကို ပြည်သူလူထုက အားမလျော့နဲ့၊ ဒီအဖွဲ့အစည်းတွေ အားလုံးပေါင်းလိုက်တော့မှ ဦးဇင်းရဲ့ တရားပွဲတစ်ပွဲစာတောင် လူဦးရေ မရှိပါဘူး၊ အဲဒါကြောင့်ခွေးလှေးခုန်လို့ ဖုန်မထပါဘူး”လို့ မိန့်ကြားတာကို ထည့်သွင်းရေးသား ဖော်ပြထားတာပါ။

စာဖတ်သူတွေထဲမှာ ဘုန်းကြီးဦးဝီရသူကို သဘောကျတဲ့သူတွေက ထောက်ခံနိုင်ပေမယ့်၊ သဘောမကျသူတွေက ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက ဒီလိုအရပ်သားဆန်တဲ့ စကားမျိုးပြောစရာလားဆိုပြီး ပြောလာကြပါတယ်။ ဘယ်ဘက်မှမပါတဲ့ စာဖတ်သူတွေကတော့ ဒီလိုမျိုးသာဆိုရင် ၄၃၆ကို ပြင်ဆင်ပေးဖို့ ထောက်ခံဆန္ဒမဲ ကောက်ယူသလို မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းမှာကို ကန့်ကွက်သူတွေက ဆန္ဒမဲကောက်ယူကြဦးမှာလားလို့ ပြောနေကြပါကြောင်း။

စာဖတ်သူတွေရဲ့ ခံစားချက်၊ အသံတွေကို ပေးပို့ချင်တယ်ဆိုရင် ဆက်သွယ်ဖို့အတွက်
မဇ္ဈိမမီဒီယာဂရု၊
အခန်းအမှတ် ၄၀၇၊ (၄)လွှာ၊ (စီ)ဆောင်
ကမ္ဘာအေးစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

အီးမေးလ် mizzima@mizzima.com သို့ ပေးပို့နိုင်ကြပါတယ်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top