0

ခင်ငြိမ်းသစ်| တနင်္လာနေ့၊ ဇွန်လ ၂၃ ရက်၊ ၂၀၁၄ ခုနှစ်

မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေးသည် ဒီမိုကရေစီစနစ်သို့ ဦးတည်သွားနေသည်မှာ သေချာပါက တိုင်းပြည်၏ အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်သူများမှာ စစ်တပ်လည်းမဟုတ်၊ အစိုးရလည်းမဟုတ်ဘဲ ပြည်သူများသာဖြစ်သင့်သည်ဟု ဇွန်လ ၂၁ ရက် တောင်ငူမြို့တွင် ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ကို မေးကြပါတယ်။ ဒီအခြေခံဥပဒေက ပြင်လို့ရမှာလားတဲ့၊ ဘာလို့လဲဆိုတော့ အစိုးရက ပြင်ချင်တဲ့ ဆန္ဒမရှိဘူးတဲ့။ တပ်မတော်က ပြင်ချင်တဲ့ ဆန္ဒမရှိဘူးလို့ ကျွန်မတို့ကို မေးပါတယ်။ ကျွန်မကတော့ ရိုးရိုးပဲ ပြောချင်တယ်။ အစိုးရက ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနေပါတယ်လို့ ပြောတယ်၊ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားနေတယ်ဆိုရင် ဒီနိုင်ငံရဲ့ အနာဂတ်ကို ဆုံးဖြတ်ရမှာက အစိုးရလည်း မဟုတ်ဘူး၊ တပ်မတော်လည်း မဟုတ်ဘူး၊ ပြည်သူတွေသာဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ပြည်သူများသည် မိမိတို့၏ ဆုံးဖြတ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားရန် လိုအပ်သကဲ့သို့ တစ်ပြိုင်နက်တည်းတွင်လည်း မိမိတာဝန်ကို သိရန် လိုအပ်သည်ဟု ဆက်လက်ပြောကြားသည်။ ထို့နောက် NLD အနေနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ရာ နှစ် ၃၀ နီးပါးရှိနေပြီဖြစ်သော်လည်း မည်သူ့ကိုမှ ငွေပေး၍ လည်းကောင်း၊ ဖျားယောင်း၍လည်းကောင်း၊ အလိုလိုက်၍ လည်းကောင်း မစည်းရုံးခဲ့ကြောင်းကို ပြောကြားခဲ့သည်။ အကယ်၍ ငွေပေးစည်းရုံးခဲ့မှုများရှိပါက ယူလိုက ယူနိုင်သော်လည်း ထောက်ခံမဲပေးရာတွင် မှန်ကန်သည့်ဘက်ကိုသာ ရွေးချယ်ရန်လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

ဒီမိုကရေစီစနစ်သည် ပြည်သူလူထု၏ အင်အားကို အားကိုးသည့်စနစ်ဖြစ်ပြီး ပြည်သူလူထုသာ အင်အားရှိနေရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ကြီးမားသည့် အင်အားဟုဆိုရာတွင် တာဝန်သိစိတ်ကို ဆိုလိုခြင်းဖြစ်ပြီး လူတော်သော်လည်း ကတိမတည်၊ တာဝန်မသိပါကအန္တရာယ်ဖြစ်နိုင်ကြောင်းကိုလည်း ဆက်လက်ပြောကြားသည်။

အထူးသဖြင့် ပြည်သူကို ပေးသည့် ကတိများ တည်ရန်လိုအပ်သလို ပြည်သူအတွက် ထမ်းဆောင်ရမည့် တာဝန်များကိုလည်း ကျေပွန်ရန်လိုအပ်သည်ဟုဆိုသည်။ ဒီမိုကရေစီလမ်းကြောင်းဖြင့် သွားနေပါသည်ဟုဆိုသော ပုဂ်္ဂိုလ်များ၏ စကားသည် လက်ရှိအခြေအနေများနှင့် ညီညွတ်မှု ရှိ၊ မရှိဆိုသည်ကို ပြည်သူများက ဆန်းစစ်ရန် လိုအပ်နေပြီဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

ဒီမိုကရေစီလမ်းကြောင်းဆိုသည်မှာ ပြည်သူအားလေးစားသည့် လမ်းကြောင်းဖြစ်၍ ပြည်သူမည်မျှ အလေးထားသည်ကို လွှတ်တော်အတွင်း ဆောင်ရွက်ချက်များက ရောင်ပြန်ဟပ်ပြလိမ့်မည်ဟု ပြောသည်။

လွှတ်တော်အတွင်း ပြည်သူလူထုက ရွေးချယ်ထားသည့် ကိုယ်စားလှယ်များသည် အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခွင့်မရဖြစ်နေခြင်းသည် ပြည်သူ့ဆန္ဒအား မလေးစားခြင်းဖြစ်သည်ဟုလည်း ပြောသည်။

လွှတ်တော်အတွင်း အခြေခံဥပဒေပြင်ဆင်ရန်သုံးသပ်သည့် ကော်မတီတွင် NLD ပါတီမှ ကိုယ်စားလှယ် နှစ်ဦးသာ ပါရှိပြီး အများစုမှာ တပ်မတော်မှကိုယ်စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အများစုဖြစ်နေကာ သမ္မတ အရည်အချင်းသတ်မှတ်ချက် (ပုဒ်မ ၅၉-စ) ကို မပြင်ဆင်ရန်လည်း ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top