0

ရေးသားသူ - မောင်ဟစ်

“စကား စကား ပြောဖန်များ စကားထဲက ဇာတိပြ” တဲ့။

မောင်ဟစ်တို့ မြန်မာစကားပုံများသည် အင်မတန်ထိရောက်သည်။ ဆိုလိုရင်းကို ကွင်း ခနဲ ကွက်ခနဲပေါ်သည်။ အင်မတန်လည်း အသုံးတည့်သည်။ ဒီအကြောင်းကိုပြောပြ တော့ တူသား တပည့်ဖြစ်သူကွန်ညက်က စောဒကတက်သည်။

“တစ်ခါတစ်ခါတော့လည်း မြန်မာစကား ပုံတွေဟာ ရှေ့နောက်မညီဘူး”
“ဘယ်လိုမျိုးလဲ”
“စကားပုံတစ်ခုမှာ တစ်ရွာမပြောင်း သူ ကောင်းမဖြစ်တဲ့”
“မှန်တာပဲ”
“ဒါပေမဲ့ နောက်စကားပုံတစ်ခုမှာတော့ သေချင်တဲ့ကျား တောပြောင်းတဲ့”
“ဒါလည်းမှန်တယ်လေ”
“ဆရာဟစ်ရာ၊ တစ်ရွာမပြောင်းသူကောင်း မဖြစ်ဆိုတာမှန်ရင် သေချင်တဲ့ကျား တော ပြောင်းဟာ ဘယ်လိုလုပ်မှန်တော့မှာလဲ”
“အေး ... မင်းပြောတာလည်းမှန်တာပဲ”
“ဆရာဟစ်ပြောမှ ပိုရှုပ်ကုန်တယ်”

“ကွန်ညက်ရေ၊ လောကကြီးဟာ အင်မတန်ဆန်းတယ်။ အရင်က လူတွေသိထားတာ က ငါနိုင်ရင် မင်းရှုံးတယ်။ မင်းနိုင်ရင် ငါရှုံး တာပဲ။ ဒါပေမဲ့ ခုခေတ်မှာတော့ လူတွေက ပိုပြီးတွေးတတ်လာတော့ ငါလည်းနိုင်တယ်။ မင်းလည်းနိုင်တယ်။ ဒါမှမဟုတ် ငါလည်းရှုံးတယ်။ မင်းလည်းရှုံးတာမျိုးကိုတွေ့လာတယ်”
“ဘယ်လိုနေရာတွေမှာလဲ”
“စစ်ပွဲတွေကိုကြည့်ပေါ့။ ဒုတိယကမ္ဘာစစ် ကြီးကိုပြောပြမယ်။ သာမာန်ကြည့်ရင် ဂျာမန် တွေရှုံးတယ်။ ဂျပန်တွေရှုံးတယ်။ အမေရိကန် တွေနိုင်တယ်။ အင်္ဂလိပ်တွေ နိုင်တယ်လို့ယူ ဆနိုင်တယ်”

“ဟုတ်တယ်လေ။ မနေ့ကတောင် ကျွန် တော်သတင်းကြည့်နေသေးတယ်။
၁၉၄၄ ခု နှစ်၊ ဇွန်လ ၇ ရက်မှာ မဟာမိတ်တွေဟာ ဒုတိယကမ္ဘာစစ်ကြီး အပြီးသတ်တိုက်ပွဲ အ တွက် နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် ၇၀ မြောက်အထိမ်းအမှတ်ကို ပြင်သစ်ကမ်းခြေ မှာ ပြုလုပ်ကြတယ်လေ။ မဟာမိတ်တပ်သား ရှစ်သန်းငါးသောင်းနဲ့ ယာဉ်တစ်သိန်းငါးသောင်း ကိုသုံးတယ်လို့ ဖော်ပြထားတယ်။ ဒီစစ်ပွဲမှာ မဟာမိတ်တွေနိုင်တယ်။ ဂျာမန်တွေရှုံးတယ်”
“လွန်ခဲ့တဲ့နှစ် ၇၀ က ဖြစ်ပျက်တာတွေ ကို အမှတ်တရ ကျင်းပတာပဲ”
“နောက်တော့ သြဂုတ်လ ၆ ရက်နဲ့ ၈ ရက်တွေမှာလည်း အမေရိကန်တွေဟာ ဂျပန် နိုင်ငံ၊ ဟီရိုရှီးမားနဲ့ နဂါစကီမြို့တို့ကို ဗုံးချ တယ်။ အမေရိကန်နိုင်တယ် ဂျပန်ရှုံးတယ်”

“မင်းပြောတာ ဟုတ်ပါတယ်။ ဒါကို သာ မာန်ကြည့်ရင် ဒါကို Win / Lose ဒါမှမဟုတ် နောက်တစ်ဖက်ကကြည့်ရင် Lose / Win လို့ ထင်ကြမှာပဲ။ စောစောက မင်းပြောတဲ့ဂျပန် မှာ လူသုံးသိန်းကျော်သေတယ်။ စစ်ကြီးတစ် ခုလုံး အပြီးမှာ လူစုစုပေါင်း ၅၅ သန်းသေ ဆုံးတယ်။ အရပ်သား သန်း ၃၀၊ စစ်သား ၂၅ သန်းသေသတဲ့။ ဒီအရေအတွက်ဟာ နိုင်ငံတစ်နိုင်ငံက လူဦးရေလောက်ရှိတယ်။ ဆုံးရှုံးမှုပမာဏလည်း ဒေါ်လာဘီလီယံ တစ် ထောင် ( 1 trillion )ကျော်သတဲ့။ ဒီလောက် သေ၊ ဒီလောက်ကုန်ကျပြီး ပြာပုံထဲရောက်ရ တာ မင်းတို့လူငယ်တွေမသိကြဘူး”

“ကြားတော့ ကြားဖူးတယ် ဆရာဟစ်”
“အင်း ... တကယ်တန်းခံစားရတဲ့သူ တွေ ဘယ်လိုနေမလဲ၊ မင်းစဉ်းစားကြည့်လေ၊ မြန်မာတွေက ဂျပန်ကိုတွန်းလှန်နိုင်တယ်ဆို ပေမဲ့ ဂျပန်လည်းသေ၊ မြန်မာလည်းသေ၊ တို့ တိုင်းပြည်လည်း ပြာပုံထဲရောက်သွားတော့ တယ်။ ဒါဟာ Lose / Lose ပေါ့”

“အင်း ... ဆရာဟစ်ပြောတော့မှပဲ စစ် ဆိုတာ သူလည်းရှုံး၊ ကိုယ်လည်းရှုံးတာပါပဲ လားလို့ သတိထားမိတော့တယ်”

“ဟုတ်တယ်။ ခုဆိုတို့နိုင်ငံဟာလည်း လွတ် လပ်ရေးရပြီးကတည်းက ပြည်တွင်းငြိမ်းချမ်း ရေးမရသေးဘူး။ စစ်ပွဲတွေဖြစ်နေဆဲပဲပေါ့။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်ပွဲဆိုရင် နိုင်ငံ သားတွေ ဘယ်လောက်သေဆုံးကြသလဲ၊ ဘယ်လောက်ဒဏ်ရာတွေရကြသလဲ။ ခုလိုမိုး ရာသီမှာ သူတို့ ဘယ်လောက်ဒုက္ခရောက် မလဲ၊ တိုင်းရင်းသားတွေ အရပ်သားတွေရောနှစ်ဖက် စစ်သည်တွေရော ဒုက္ခရောက်တော့တာပဲ”

“တိုင်းရင်းသားတွေ ဒုက္ခရောက်ကြသလို တိုက်ပွဲဝင်နေကြတဲ့ တပ်သားတွေအားလုံးဒုက္ခရောက်တာပဲပေါ့”

“ပိုက်ဆံတွေလည်း အများကြီးဆုံးရှုံးတယ် လေ။ ဒီငွေတွေဟာ ဖွံ့ဖြိုးမှုမှာ နောက်ကျနေ တဲ့တို့နိုင်ငံကို တည်ထောင်ဖို့လိုတယ်လေ။ ခုတော့ စစ်လက်နက်တွေအပေါ် သုံးလိုက်ရ တာပေါ့”

“ဆရာဟစ်က စစ်ကို အတော်ထဲထဲဝင်ဝင် လေ့လာထားတာပဲ”

“နိုင်ငံတစ်နိုင်ငံမှာ အနာဂတ်လူငယ်တွေ အတွက် တိုးတက်အောင်လုပ်ဖို့လိုတယ်။ ဒီလိုတိုးတက်အောင်လုပ်ဖို့ နိုင်ငံဟာ အေးချမ်း သာယာမှုရှိရမယ်။ တည်ငြိမ်ရမယ်။ နိုင်ငံ တော်ကာကွယ်ရေးအတွက် တပ်မတော်ဟာ လိုအပ်တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တို့တ တွေ ဘာတွေဆုံးရှုံးနေလဲဆိုတာ သိထားရ မယ်။ ခုအချိန်မှာ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့နှစ် ၇၀ နဲ့မတူတော့ဘူး။ လူတွေဟာ တစ်နေရာ ကနေ နောက်တစ်နေရာကို အင်မတန်လွယ် လွယ်ကူကူသွားလို့ရလာတယ်။ ဒီနေ့ ဒီမှာ နောက်နေ့ ဂျပန်မှာရောက်နေလို့ရတယ်။ အိမ် မှာထိုင်ပြီး အင်တာနက်၊ အီးမေးလ်တွေနဲ့ တစ်ကမ္ဘာလုံးကို ဆက်သွယ်လို့ရနေပြီ။ လူ တိုင်းလူတိုင်းဟာ ခေတ်မီတိုးတက်ဖွံ့ဖြိုးတဲ့ အသီးအပွင့်ကို ခံစားလို့ရနေပြီ။ ကားကောင်း ကောင်းစီးမလား။ ခရီးကောင်းကောင်းသွား မလား။ သက်သောင့်သက်သာသွားလို့ရနေ ပြီ။ မြန်မာပြည်မှာတောင် အရင်ကလို TE ကားကြီးတွေနဲ့ သွားစရာမလိုတော့ဘူး။ မှန် လုံးကားကြီးတွေနဲ့ ကားထဲမှာတောင် အိမ်သာတက်လို့ရသေး”

“ဒါဆိုရင် ဆရာဟစ်က Win/Winကို ကိုယ်တိုင်ခံစားလို့ရနေပြီပဲ”

“မဟုတ်တာကွာ။ တို့နိုင်ငံက အင်မတန် နည်းတဲ့ လူနည်းစု ၁ ရာခိုင်နှုန်းကျော်ကျော် ၂ ရာခိုင်နှုန်းလောက်ပဲ ဒီလိုခံစားနိုင်ကြတာ။ တကယ်တော့ လူဦးရေသန်းခြောက်ဆယ်မှာ ထက်ဝက်ကျော်က ဆင်းရဲတွင်းထဲရောက်နေ တယ်။ ပြည်သူကိုချစ်တဲ့အစိုးရ၊ ပြည်ကိုချစ် တဲ့ သမ္မတ၊ ပြည်သူကိုချစ်တဲ့ တပ်မတော် ဟာ အင်မတန်အရေးကြီးတယ်။ အာဏာက သိပ်ကြောက်စရာကောင်းတယ်။ ဟစ်တလာ က ဥရောပကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် ကယ်တင်ချင်တယ်။ ဈေးကွက်ကို လွှမ်းမိုး ထားတဲ့ ဂျူးတွေကိုသတ်ချင်တယ်”

“သူ့ပြည်သူကိုတော့ သူချစ်တာပေါ့ဟုတ်လား”

“ဟုတ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ရပ်တွေဟာ မှားသွားတယ်။ ဒီအတိုင်းပဲ ဂျပန်ဟာ လည်း One Asia ဆိုပြီးစုရုံးချင်တယ်။ ဖက် ဆစ်တွေပဲမွေးထုတ်နိုင်ခဲ့တယ်။ ဒီနေ့မှာဥရောပ ဟာလည်း တစ်စုတစ်စည်းတည်းဖြစ်လာတယ်။ European Union လို့ခေါ်တဲ့ EU ကိုဖွဲ့ပြီး ပေါင်းစုလိုက်တာ အမေရိကန်ပြည်ထောင်စု ကို စိန်ခေါ်လာနိုင်တယ်။ ဒီအတိုင်းပဲ အရှေ့ တောင်အာရှ ၁၁ နိုင်ငံဟာလည်း ပေါင်းစည်း လာနိုင်တယ်။ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို စီးပွားရေးယှဉ်ပြိုင်လာဖို ကြိုးစားနေတာပဲ”

“ကျွန်တော်တို့ နိုင်ငံတော် အာဆီယံဥက္ကဋ္ဌ လုပ်နေတယ်လေ”

Win/Win ကို ကိုယ်တိုင်ခံစားနိုင်ဖို့ဆို ရင်တော့ စိတ်ရှည်သည်းခံရတယ်။ ခြေမ မကောင်းခြေမ၊ လက်မ,မကောင်း လက်မ၊ ဆိုတာမျိုးဟာ ဘယ်လိုမှအဆင်မပြေနိုင်ပါ ဘူး။ မင်းလည်း သဘောပေါက်မှာပါ။ အထူး သဖြင့်လက်မှာ လက်မသာမရှိရင် ကိုင်ရတွယ်ရ အင်မတန်ခက်တယ်လေ။ ဒီတော့ ဘာကိုမှ ဒုက္ခရောက်အောင် မကြိုးစားပါနဲ့။ လူအချင်း ချင်း သည်းခံကြိုးစားကြပါ။ မမှန်ဘူးဆိုတာ ကိုယ့်အမြင်လား။ တစ်ဖက်သားကို လေးစား ဖို့ လိုတယ် ကွန်ညက်ရေ။ ဒီတော့ လေရှည် နေတာကိုရပ်ရမယ်။ ဒီနေ့အတွက် ၂၀၀၀ိ/ နဲ့ လောက်အောင်သုံးဖို့ စီမံချက်ချလိုက်ဦးမယ်”

“မခက်ပါဘူး ဆရာဟစ်၊ ဒီနေ့အဖို့တော့ အိပ်ဆေးသာဝယ်သောက်ပြီး အိပ်လိုက်။ ၁၀၀ လောက်ပဲ ပေးရတယ်။ ဒါဆိုရင် ၁၉၀၀ တောင်ပိုသေး”
“ဗြဲ ...”

အတွဲ (၂) အမှတ်စဉ် ၁၈၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။
ကျေးဇူးတင်ပါသည်။

Aye Chan Mon Credit To: The Ladies News Journal
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top