မြန်မာ့ရုပ်ရှင် လောကမှာ ရုပ်ရှင်ရုံများ နည်းပါးလာ ရခြင်းနဲ့အတူ ရုံတင်ပြသ ခွင့် ရရှိနိုင်ဖို့ အတွက် တန်းစီစောင့် ဆိုင်းရတဲ့ အခြေ အနေတွေ က မြန်မာ့ရုပ်ရှင် ထုတ်လုပ်မှု လျော့နည်းစေတဲ့ အချက်ဖြစ်တယ် လို့ ဝေဖန် သုံးသပ်မှုများ ရှိခဲ့သလို ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ အတွင်းမှာ စတင် ကျင့်သုံးတော့မယ် ရုံပြိုင်စနစ် ကြောင့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူး ထုတ်လုပ်မှုများ မြင့်တက်လာခဲ့ပြီး ဗီဒီယိုဈေး ကွက် လျော့ကျလာရတယ်လို့ ဆိုသူများလည်း ရှိခဲ့ပါတယ်။ ဒွိဟဖြစ် နေကြတဲ့ စနစ်နှစ်ကြား မှာ မကြာမီ ကျင့်သုံးအကောင် အ ထည် ဖော်တော့မယ့် ရုံပြိုင်စနစ် နဲ့ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင် ကို မေးမြန်းကြည့်ရာ မှာတော့ “အစ်မ ကတော့ ရုံပြိုင်စနစ်ကို လုံးဝ လက်မခံဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရုပ်ရှင်လောက မှာ ရုံပြိုင် စနစ် တစ်ခါကျင့် သုံးဖူးတယ်။ အဲဒီအချိန်မှာ ဘာဖြစ်လဲ ဆိုတော့ ဇာတ်ကား တစ်ကားက ဟာသဇာတ်ကား။ အစ်မတို့ အနုပညာအရ ဆိုရင်တော့ လုံးဝ မကြိုက်တဲ့ကား။ နောက်တစ်ဖက်က တကယ့် ဒရာမာကား။ အနုပညာအရ တအားကို ကောင်းတဲ့ဇာတ်ကား။ ပိုက်ဆံ တအား အကုန်ခံပြီး တအားကောင်းတဲ့ ဇာတ်ကား။ ဒါပေမဲ့ အဲဒီနှစ်ကား ရုံပြိုင်တင်လိုက်တဲ့ အခါ တစ်ဖက် ဟာသကားက ဝက်ဝက်ကွဲရတယ်။ အနုပညာ အင်အားကောင်းတဲ့ ဒရာမာ ဇာတ်ကားက ရှုံးသွားတယ်။ အစ်မတို့ အနေနဲ့ တအားနှမြောတယ်။ အကယ်၍ ရုံပြိုင်စနစ် မဟုတ်ဘဲ တစ်ကားချင်း ဆိုရင်တော့ သူ့ဟာနဲ့သူ ကြည့်ဖြစ် ကြဦးမှာပေါ့” လို့ ပြာပါတယ်။
ဆက်လက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင် က မြန်မာနိုင်ငံ ရဲ့လက်ရှိစနစ် အ ခြေအနေနဲ့ နိုင်ငံတကာရဲ့ ကျင့်သုံးမှု စနစ်ကို မယှဉ် သင့်သေးကြောင်း လည်း အခုလို သူ့အမြင် ကို ပြောပြခဲ့ပါတယ်။
“ခုခေတ်မှာ လူတွေက ရုပ်ရှင် တစ်ကား သွားကြည့်ဖို့ မနည်းကို အချိန်လုနေရတယ်။ အစ်မတို့ အနုပညာရှင်တွေ ကိုယ်တိုင်တောင် မှ ရုပ်ရှင် သွားကြည့်ဖို့ မနည်းကို အချိန်ယူကြည့်ရတယ်။ တစ်ကားပြီး တစ်ကား တင်ခြင်းအားဖြင့် သူတို့ သွားကြည့်ဖို့ အချိန်ပေးနိုင်မယ်။ သူတို့ ရဲ့ ငွေရေးကြေးရေး အရ သူတို့ သုံးနိုင်မယ်ပေါ့။ နှစ်ကားစလုံး တစ်ပတ် အတွင်း ကြည့်ဖို့ ဆိုတာ အချိန်မပေးနိုင် သလို ငွေ ကုန်ကြေးကျ မှာလည်း ခက်ခဲမယ်။ တစ်ကားကို ရွေးချယ် လိုက်ရပြီ ဆိုရင် တစ်ကား နစ်နာပြီပေါ့။ နိုင်ငံခြားမှာ လုပ်တာက ကိစ္စ မရှိဘူး။ သူ့နိုင်ငံရဲ့ ဝင်ငွေ အခြေအနေ နဲ့ အဆင်ပြေတယ်။ အစ်မတို့ အခု လက်ရှိမှာတော့ နိုင်ငံတကာရဲ့ အခြေအနေ ကို သွားပြီး မယှဉ်သင့်သေးဘူး လို့ အစ်မ ထင်ပါတယ်။
မျိုးကျော် (ကနောင်သွေး)
Popular Journal
Post a Comment