0

------ ------ ------ ------ ------
စင်ကာပူ တူဒေးသတင်းစာ၏အွန်လိုင်းစာမျက်နှာတွင် ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာတ၀န်း၌ ဖြစ်ပေါ်ခဲ့သော အထင်ကရ အဖြစ်အပျက်များကို စုစည်းတင်ပြထားရာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် မျှော်လင့်ချက်ဖြစ်သော ၂၀၁၅ ရွေးကောက်ပွဲကို “ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်အောင်ပွဲ”ဟု ထည့်သွင်းဖော်ပြခဲ့သည်။ ဒီဇင်ဘာ ၂၈ က ဖော်ပြခဲ့သော အဆိုပါ သတင်းစုစည်းမှုတွင် နိုဝင်ဘာ ၈ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အောက်ပါအတိုင်း ရေးသားထားသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး စစ်မှန်သော ဒီမိုကရေစီနည်းကျ ကျင်းပခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲသည် မြန်မာပြည်သူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ အချိန်အခါတခု ဖြစ်ခဲ့သည်။ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီ အပြတ်အသတ်အနိုင်ရခဲ့ခြင်းမှာ နှစ်ပေါင်း ၅၀ ခန့် စစ်အုပ်ချုပ်ရေးအောက်တွင် နေခဲ့ရသော မြန်မာနိုင်ငံတွင် အပြောင်းအလဲအတွက် မျှော်လင့်ချက်များ မြင့်တက်စေခဲ့သည်။ စစ်အာဏာရှင်များ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ပိတ်ပင်တားဆီးထားသော်လည်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကမူ အစိုးရအဖွဲ့ကို ချုပ်ကိုင်ထိန်းကျောင်းသွားမည့်သူမှာ သူမသာဖြစ်ကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားထားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top