Byထွန်းထွန်းမင်းOn Fri, 2016-01-01
အစိုးရသက်တမ်းကုန် ဆုံးချိန်တွင် ကျောက်ဖြူအထူးစီး ပွားရေးဇုန်လုပ်ကိုင်ခွင့်ကို တရုတ်CITIC ကုမ္ပဏီအား ပေးလိုက်ခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေ သည်။
‘‘တရုတ်ကုမ္ပဏီနဲ့ အစိုးရ ကြား အကျိုးစီးပွားခွဲဝေယူတဲ့ ကိစ္စပဲ။ ဒေသခံတွေက တရုတ် ကုမ္ပဏီတွေကို မကျေနပ်တာကြာ ပြီ။ ဒီတရုတ်ကုမ္ပဏီပဲရမယ်ဆို တာကိုလည်း လွန်ခဲ့တဲ့ ၂ နှစ် လောက်ကတည်းက သိတယ်’’ဟု ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်၊ စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကုမ္ပဏီခြောက်ခုဖြင့် ဖွဲ့စည်းထားသော CITICConsortium တင်ဒါအောင်မြင် ကြောင်း အစိုးရက ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်နှင့်ပတ်သက်၍ ယခင်နှစ်များ က မည်သည့်လုပ်ငန်းမျှ မလုပ် ဆောင်ဘဲ အစိုးရသက်တမ်းကုန် ခါနီးမှသာ အလျင်အမြန်ပြုလုပ်ခြင်း သည် အစိုးရနှင့် တရုတ်ကုမ္ပဏီ ကြား ရိုးသားမှုမရှိကြောင်း ဦးဘ ရှိန်က ပြောသည်။
အဆိုပါ စီမံကိန်းအတွက် မြေနေရာသတ်မှတ်ရန် ဒီဇင်ဘာ ၂၉ ရက်တွင် အစိုးရက လွှတ်တော်သို့ တင်ပြပြီးနောက် တင်ဒါ အောင်မြင်သည့်စာရင်းကို ထုတ် ပြန်ခြင်းဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်က စီမံကိန်း၏ စီးပွား ရေးလုပ်ငန်းများကို နောက်အစိုး ရလက်ထက်တွင် အကောင်အ ထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုစီမံကိန်းသည် လွှတ် တော်က မြေနေရာသတ်မှတ်ပေး ခြင်းသာဖြစ်ပြီး စီမံကိန်း၏ ချေး ငွေမှာ အတိုးမဆပ်နိုင်ပါက လုပ် ငန်းပါ သိမ်းယူနိုင်သည့် ချေးငွေ ပုံစံဖြစ်ခြင်းနှင့် လုပ်ငန်းတွင် အ မြတ်မှာ နှစ် ၄၀ ကျော်မှ အမြတ် ရရှိမည်ဖြစ်သော်လည်း ချေးငွေအတွက် အတိုးက အမြတ်မရမီကပင် ပြန်ဆပ်ရမည်ဖြစ်၍ ချေးငွေနှင့်အတိုးဒဏ်ခံ နိုင်ရည်ရှိ၊ မရှိ စဉ်းစားရန်လိုအပ်ကြောင်း အင်န်အယ်လ်ဒီမှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က ပြော ကြားသည်။
‘‘အစိုးရက ဘာပဲလုပ်လုပ် ပွင့်လင်းမြင်သာမှုမရှိဘူး။ တင်ဒါ စည်းကမ်းတွေ မထုတ်ပြန်ဘူး။ ဒါတွေလိုက်နာမှုရှိ၊ မရှိ ဘယ်လို လေ့လာစောင့်ကြည့်မလဲ။ နောက်အစိုးရတင်ပြလာတဲ့ စီမံကိန်းကုန် ကျစရိတ်တွေက အရမ်းဈေးကြီး တယ်။ နောက်အစိုးရတက်မှ စိစစ်ပြီးလုပ်သင့်တယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
ကျောက်ဖြူတွင် စီးပွားရေး အခွင့်အလမ်းအတွက် အထူးစီး ပွားရေးဇုန်ကို လုပ်ကိုင်စေလို သော်လည်း တရုတ်ကုမ္ပဏီ လုပ် ကိုင်ခွင့်ရရှိသည်ကို သဘောမကျကြောင်းနှင့် လက်ရှိကျောက်ဖြူ တွင် လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီ၏ အနိုင်ကျင့်မှုကြောင့် ဒေသခံများကြား မကျေလည်မှုများ ရှိနေကြောင်း ကျောက်ဖြူ ဒေသခံ ကိုထွန်းကြည်က ပြော သည်။
‘‘တရုတ်တွေက ကိုယ်ကျိုးပဲ ကြည့်တယ်။ ဒေသခံတွေအသံကို နားမထောင်ဘူး။ အရင် တရုတ် ကုမ္ပဏီတွေ လုပ်ခဲ့တာတွေက စံနှုန်းမမီတာတွေရှိတယ်။ ဒီစီးပွားရေးဇုန်အတွက် မြေယာလျော် ကြေးနဲ့ပတ်သက်ပြီး တိတိကျကျ ဘယ်မြေကို ဘယ်လောက်လျော် မယ်ဆိုတာမျိုး သိချင်တယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။
တင်ဒါစိစစ်ရေးကော်မတီ အနေဖြင့် ကုမ္ပဏီ၏ အရည်အ သွေးပိုင်း၊ ငွေကြေးတောင့်တင်း သည့်အပိုင်း၊ ဥပဒေ စည်းမျဉ်း လိုက်နာမှုရှိ၊ မရှိ တင်ဒါတင်ပြ ချက်အရ နိုင်ငံအတွက် အကျိုးအ မြတ်မည်မျှ ရှိမည်ကိုသာကြည့်၍ ရွေးချယ်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံကိုကြည့်ပြီး ရွေးချယ်ခဲ့ခြင်းမဟုတ် ကြောင်း တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီအတွင်းရေးမှူး ဦးအောင်ကျော်သန်းက ပြောသည်။
‘‘အရင်တုန်းက ပုံစံမျိုး မဟုတ်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို ရင်းနှီးမြှုပ်နှံခိုင်းမယ်။ တရုတ်က ဦးဆောင်တာ မှန်ပေမယ့် စီပီ ကုမ္ပဏီလိုမျိုး ထိုင်းကုမ္ပဏီတွေ လည်းပါတယ်’’ဟု ၎င်းက ဆက် လက်ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန် တင်ဒါစိစစ်ရန် အချိန် ၂၈ လကြာမြင့်ခဲ့ပြီး ကုမ္ပဏီ ၁၆ ခု တင်ဒါသွင်းခဲ့ကာ အထက်ပါ တရုတ် CITIC Consortium ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ CITIC Conso-rtium တွင် တရုတ်ဆိပ်ကမ်း အင်ဂျင်နီယာ ကုမ္ပဏီ၊ တရုတ်ကုန် သည်များ ဦးပိုင်ကုမ္ပဏီ၊ TEDAရင်းနှီးမြှုပ်နှံမှု ဦးပိုင်ကုမ္ပဏီနှင့် ယူနန်ဆောက်လုပ်ရေးအင်ဂျင်နီယာအုပ်စု စသည့်တရုတ်ကုမ္ပဏီ များအပြင် ထိုင်းစီပီကုမ္ပဏီလည်း ပါဝင်ကြောင်း ဆင်ဟွာသတင်း ဌာနက ဖော်ပြသည်။
တရုတ် CITIC ကုမ္ပဏီသည် တရုတ်အစိုးရပိုင်ကုမ္ပဏီကြီးတစ် ခုဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်အတွင်း မှစ၍ ကျောက်ဖြူမြို့နယ်နှင့် အနီး အနား ရွာများတွင် ကျပ်သိန်း ၃၀၀ဖြင့် ကျေးရွာရန်ပုံငွေ ထူထောင် ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။
CITIC Consortium သည် စီမံကိန်းနှစ်ခုစလုံးအတွက် အမေ ရိကန်ဒေါ်လာ ကိုးဘီလီယံရင်းနှီး မြှုပ်နှံမည်ဖြစ်ပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
7Day News Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.