0

ပရိသတ်တွေအတွက် ခေါင်းအုံး၊ ပုဝါနဲ့ ရတနာပစ္စည်းလေးတွေကို
အမှတ်တရအနေနဲ့ ထုတ်လုပ်ခဲ့တဲ့ ဝတ်မှုံရွှေရည်က ၂ဝ၁၆ ခုနှစ်၊
နှစ်ဆန်းပိုင်းမှာ ပစ္စည်းအသစ် ထပ်မံထုတ်လုပ်သွားဖို့ရှိကြောင်း
ပြောပါတယ်။ ဒီပစ္စည်းလေးကို ဇန်နဝါရီလကုန် သို့မဟုတ်
ဖေဖော်ဝါရီလထဲမှာ အသိပေးသွားမှာဖြစ်ကြောင်း ပြောပါ တယ်။
“ကစ်ကိုယ်ပွားလေးပဲဖြစ်မယ်။ အမှတ်တရလည်းဖြစ်မယ့် ပစ္စည်းေ
လးပါ။ ဘယ်လိုပစ္စည်းဖြစ်မလဲ ဆိုတာကို နောက်လထဲမှာ ကြေညာ
ပါ့မယ်” လို့ ပြောပါတယ်။
ရတနာပစ္စည်းတွေအပေါ်မှာ ပရိသတ်ကြိုက်နှစ် သက်မှုအခြေ အနေ
ကိုမေးတော့ ဝတ်မှုံရွှေရည်က “ရတနာပစ္စည်းမှာတော့ ရင် ထိုး လေး
ကပိုပြီး အရောင်းသွက်တယ်။ ဈေးနှုန်းကလည်းမတူဘူးလေ။ ဒါပေမဲ့
အားပေးကြပါတယ်။ ကစ်ပြန်ကြားတာတော့ ကြိုက် ကြပါတယ်။
သူတို့အတွက် သိမ်းထားလို့ လည်းရတယ်။ ဝတ်လို့လည်းရတယ်။
ကွာလတီလည်းကောင်းတယ်။ ဒါ ကြောင့် တော်ေ တ်ာများများ
သဘော ကျကြပါတယ်” လို့ ပြောပါတယ်။
ကွာလတီကောင်းကောင်းနဲ့ အရေအတွက်အနည်းငယ်သာ ထုတ်လေ့ရှိ
တဲ့ ဝတ်မှုံရွှေရည်က ဒီတစ်ခေါက်မှာတော့ အများစု ဝယ်နိုင်တဲ့ ဈေးနဲ့
အရေအတွက်များများ ထုတ်လုပ်သွားဖို့ရှိကြောင်းကိုလည်း “ကစ်
ပစ္စည်းလေးတွေက တစ်နိုင်ငံလုံး ဦးစားပေးတဲ့
ပစ္စည်းမဟုတ်ဘူး။ Limited Quantity ပဲ ထုတ်တာဆိုတော့
အကုန်လုံးထိတော့မရောက် ဘူး။ ကစ် Product ကိုStandardိ
တစ်ခု အနေနဲ့ ထားထားတာပါ။ အများကြီးမထုတ်ဘူး။ ကွာလတီ
ကောင်းကောင်း ထုတ်တယ်။ဒါပေမဲ့ နောက်ထုတ်မယ့် ပစ္စည်း
ကိုနေရာေ တ်ာတော်များများမှာ အများစု ဝယ်နိုင်ဖို့အတွက်လည်း
စီစဉ်နေပါတယ်။ လူတော်တော်များ ဝယ်နိုင်တဲ့ဈေးလည်းဖြစ်ရမယ်။
နေရာတော်တော်များများ ရောက်နိုင်မယ့်ပစ္စည်းလည်းဖြစ်ဖို့
စဉ်းစားနေပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ ဝတ် မှုံရွှေရည်က ‘နှစ်ပတ်အလို’ ရုပ်ရှင် ဇာတ်ကား
ကို ပြေတီဦး၊ ကျော်ကျော်ဗို၊ မင်းဦး၊ အေးမြတ်သူတို့နဲ့ ရိုက်ကူးနေပြီး
ဒီဇာတ်ကားက ပရိသတ်တွေအတွက် စိတ်ဝင် စားစရာကောင်းတဲ့
ဒရာမာဇာတ်ကားတစ်ကားဖြစ် ကြောင်း ပြောပါ တယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း

Popular Journal

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top