0

ရေကြောင်း အလုပ်သမားများဆိုင်ရာ ကွန်ဗင်းရှင်းအား မြန်မာနိုင်ငံမှ ပါဝင် လက် မှတ်ရေးထိုးခြင်း မရှိသောကြောင့် မြန်မာ သင်္ဘောသားများ အလုပ်အကိုင် ရရှိမှု နည်းပါးလျက်ရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ ချုပ်မှ သိရသည်။

လက်မှတ် မထိုးတာ မြန်မာ အပါအ၀င် နိုင်ငံ အနည်းငယ်တော့ ရှိတယ်။ လက်မှတ်မထိုးတော့ နိုင်ငံတကာ သင်္ဘော ကုမ္ပဏီ အများစုက လက်မှတ်ရေးမထိုးတဲ့ နိုင်ငံက လုပ်သားကို အလုပ်မခန့်တာတွေ ရှိတယ် ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါက်တာ တင်လှိုင် က ပြောသည်။

အဆိုပါ ကွန်ဗင်းရှင်း၌ နိုင်ငံတကာရှိ ပင်လယ်ကူး သင်္ဘောသားများအားပြုမူဆက် ဆံရမည့် ကဏ္ဍ၊ အနိမ့်ဆုံး လုပ်ခလစာနှင့် အခြေခံ ခံစား ခွင့်၊ အာမခံများ ထည့်သွင်းရေး ဆွဲထားပြီး၊ မည်သည့် သင်္ဘောသားမဆို အခွင့်အရေး တန်းတူ ရနိုင်မည်ဖြစ်ကြောင်း၊ ပင်လယ် ကူးသင်္ဘောသားဟောင်း တစ်ဦးဖြစ်သူ ကပ္ပတိန် ထွဋ်ထွဋ် က The Messenger သတင်းစာသို့ ပြောသည်။

အစိုးရကို လက်မှတ် ရေးထိုးဖို့ ILOက တိုက်တွန်းသင့်တယ်။ လက်မှတ် မထိုးရင် ကိုယ့်နိုင်ငံသားပဲ နစ်နာတာ၊ လက်ရှိ မြန်မာနိုင်ငံမှာ အလုပ် လက်မဲ့သင်္ဘောသာသောင်း နဲ့ချီရှိတယ်ဟု ၎င်းကပြောသည်။ အဆိုပါကွန်ဗင်းရှင်းအား MARITIME LABOUR CONVENTION ဟုခေါ်ဆိုပြီး၊ ရေကြောင်း နှင့် သက်ဆိုင်သည့် မည်သည့် အလုပ်သမားမဆို အကျုံးဝင်ကြောင်း မြန်မာနိုင်ငံရှိ ILO ရုံးချုပ်မှ သိရသည်။

ACM Credit To:Messenger News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top