နိုင်ရာ
အဆိုတော်သားကြီးသည် “ဘိုကပြား”အယ်ဘမ်ကို ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပရိသတ်လက်ထဲ အော်ဒီယိုစီဒီအဖြစ် ထွက်ရှိနိုင်ရန် စီစဉ်လျက်ရှိသည်။ ယင်းအယ်ဘမ်တွင် ပါဝင်မည့်သီချင်း အားလုံးကို ကိုယ်တိုင်ရေးသား ထားခြင်းဖြစ်ပြီး ၎င်းအနေဖြင့် တတိယမြောက် အယ်ဘမ်အဖြစ် ထွက်ရှိလာခြင်းဖြစ်သည်။
‘ကျွန်တော် ကြိုက်တဲ့ ကောင်မလေးက ကပြားစပ်တယ်၊ အဲဒီခေါင်းစဉ် ထူးထူးခြားခြား ဖြစ်သွားအောင် ‘ဘိုကပြား’ လို့ပေးဖြစ်တာပါဟု သားကြီး ကပြောသည်။
အဆိုတော်သားကြီးသည် ၎င်း၏ အယ်ဘမ်တွင် ပါဝင်သည့် သီချင်းများကို Solo Studio နှင့် KGK Studio တို့တွင် အသံသွင်းထားပြီး R&B သီချင်းများ အများဆုံး
ပါဝင်မည် ဖြစ်သည်။
ယင်းအယ်ဘမ်တွင် ထူးထူးခြားခြား အနေဖြင့် မိဘမေတ္တာဘွဲ့ သီချင်း တစ်ပုဒ်နှင့် ငြိမ်းချမ်းရေး သီချင်းတစ်ပုဒ် တို့လဲ ပါဝင်မည် ဖြစ်သည့်အပြင် လူငယ်
ပရိသတ်အကြိုက် ပုံစံထက် သက်လတ်ပိုင်း အရွယ်များ ကြိုက်နှစ်သက်အောင် စီစဉ်ထားခြင်းဖြစ် သည်။
‘ဘိုကပြား’အမ်တီဗီတွင် ဇာတ်လမ်းပုံစံများနှင့် ထူးခြားသည့် ရိုက်ကူးမှုများကိုလည်း ထည့်သွင်းရိုက်ကူးထား ခြင်းဖြစ်သည်။ အဆိုတော်သားကြီးသည် ၂ဝ၁၂ခုနှစ်တွင် ရုပ်သေးရုပ် အယ်ဘမ်ကို ထွက်ရှိခဲ့ပြီး၂ဝ၁၃ခုနှစ်တွင် ပီယဆေး အယ်ဘမ်ကို ထွက်ရှိ ခဲ့သူဖြစ်သည်။
ACM Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment