0


Byသန္တာလှိုင်

သေမင်းတမန်မီးရထားလမ်းပြတိုက်ဖွင့်ပွဲတွင် ကျောက်မီးသွေးသုံးမီးရထားစက်ခေါင်းကိုတွေ့ရစဉ်

နာဂစ်တွင် လူပေါင်း တစ်သိန်းကျော်သေဆုံးမှုသည် တန်ဖိုးမရှိဘဲ သေမင်းတမန်မီးရ ထားလမ်းတွင် လူပေါင်းရှစ် သောင်းကျော်အသက်ပေးလိုက် ခြင်းသည် တန်ဖိုးရှိကြောင်း မွန် ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့် က ပြောသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ်တွင် လွတ်လပ်ရေးနေ့က သမိုင်းဝင် သေမင်းတမန်မီးရထား လမ်းပြတိုက်ဖွင့်လှစ်ခဲ့ပြီး စစ်အ စိုးရလက်ထက် နာဂစ်မုန်တိုင်း သဘာဝဘေးနှင့် ဂျပန်ခေတ်က အသက်ပေးခဲ့ရသော အလုပ်သမားများကို နှိုင်းယှဉ်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်စကားတွင် ထည့်သွင်းပြောကြားသည်။

‘‘အစာရေစာငတ်ပြတ်ပြီး ဖောက်လုပ်ခဲ့တဲ့အတွက် တန်ဖိုး ရှိတဲ့ လမ်းဖြစ်တယ်။ နာဂစ်မှာ လူပေါင်းတစ်သိန်းသုံးသောင်း ဟာ ဗြုန်းဆိုပြီး သေသွားတာဟာ တန်ဖိုးမရှိဘဲနဲ့ သေသွားကြတာ။ အခုဒီသေမင်းတမန်လမ်းဟာ ရှစ် သောင်းကျော် ပြည်သူပြည်သား များ အသက်ပေးလိုက်တာဟာ တန်ဖိုးရှိတယ်။ နောက်ဆို ဒီရှစ် သောင်းကျော်အတွက် အထိမ်း အမှတ်အနေနဲ့ ကျောက်စာတိုင် ကို စိုက်ပါဦးမယ်’’ဟု မွန်ပြည် နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က သေမင်းတမန်မီးရထားလမ်း ပြ တိုက်ဖွင့်ပွဲတွင် အဖွင့်စကားပြော ဆိုခဲ့ခြင်းဖြစ်သည်။

သေမင်းတမန် မီးရထား လမ်းဖောက်လုပ်စဉ်က ဂျပန်တပ် ခွဲမှူး အဆင့်ဖြင့် ကိုယ်တိုင်ပါဝင် ခဲ့သူ ဂျပန်လူမျိုး Mr.Mikio Kinoshita သည် သေမင်းတမန် မီးရထားလမ်းပြတိုက်ဖွင့်လှစ် သည့်နေ့တွင် တက်ရောက်ခဲ့ သည်။

‘‘မီးရထားလမ်းဖောက်လုပ် ဖို့ လူတွေလိုတဲ့အတွက် မြန်မာ လူမျိုးတွေကို စုဆောင်းခဲ့တယ်။ အစားအသောက်ရှားပါးလို့ မြန်မာတော်တော်များများ ၀မ်း ရောဂါနဲ့သေသွားကြတာကို ကျွန် တော်မှတ်မိပါတယ်။ ပင်ပန်းလို့ သေတာက နည်းပါတယ်။ အဲဒီ တုန်းက ကျွန်တော်က အသက် (၂၄)နှစ်ပဲရှိပါသေးတယ်’’ဟု အ သက်(၉၅)နှစ်အရွယ်ရှိ မစ္စတာမီခီအိုကီနိုချီတာကပြောသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်စစ်သား များအတွက် ရိက္ခာများပို့ဆောင် ရေးလွယ်ကူစေရန် ရည်ရွယ်ချက် ဖြင့် သေမင်းတမန်မီးရထားလမ်း ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း Mr.Mikio Kinoshipta က ဆို သည်။ သေမင်းတမန်မီးရထား လမ်းဖောက်လုပ်ခဲ့စဉ်အတွင်း မြန်မာလူမျိုး ရှစ်သောင်းကျော် နှင့် မဟာမိတ်တပ်သားတစ် သောင်းကျော် အသက်ဆုံးရှုံးခဲ့ သည်။ အဆိုပါအခမ်းအနားကို လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး သေဆုံးခဲ့သူများကို ခရီးသွားများ သိရှိနိုင်ရန် ရည်ရွယ် ကြောင်း သိရသည်။ ၁၉၄၂ တွင် ဂျပန်တပ်မတော်မှ ဦးစီး၍ သံဖြူ ဇရပ်မြို့နယ်မှ ထိုင်းနိုင်ငံအထိ ဖောက်လုပ်ခဲ့ပြီး ၁၉၄၃ အောက် တိုဘာ ၂၅ ရက်တွင် ဖောက် လုပ်ပြီးစီးခဲ့သော သေမင်းတမန် မီးရထားလမ်းကို တလမွန် ကုမ္ပဏီက ကျပ်သိန်းသုံးသောင်း ရင်းနှီးမြှုပ်နှံ၍ ပြတိုက်တည် ဆောက်ဖွင့်လှစ်ခွင့်ရရှိထားခြင်း ဖြစ်သည်။

http://www.7daydaily.com/story/54880

Post a Comment

 
Top