0

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား နှစ်ဦးရဲ့ ရုပ်အလောင်းကို ထိုင်းနဲ့ ဗြိတိန်တို့ရဲ့ စစ်ဆေးချက်တွေမှာ ကွဲလွဲမှုတွေ ရှိနေတယ်လို့ တရားစွဲဆိုခံထားရတဲ့ မြန်မာနှစ်ဦးရဲ့ သက်သေဖြစ်တဲ့ Andy Hall က တရားရုံးမှာ ထွက်ဆိုတယ်လို့ မြန်မာသံရုံးစုံစမ်းရေးအဖွဲ့မှ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ပြောပါတယ်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကို ဆောင်ရွက်နေပြီး စက်တင်ဘာလ ၂၃ ရက်နေ့ ကော့မမွေတရားရုံးမှာ သက်သေအဖြစ် ထွက်ဆိုခဲ့တဲ့ ဗြိတိန်နိုင်ငံသား Andy Hall က ထိုင်းရဲတပ်ဖွဲ့ရဲ့ အမှုတွဲမှာ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံသူရဲ့ လိင်အင်္ဂါနဲ့ ရင်အုံမှာ ဒဏ်ရာတွေ ရှိတယ်လို့ ဖော်ပြထားပေမယ့် အလောင်းကို ဗြိတိန်နိုင်ငံကို သယ်ဆောင်ပြီး ဗြိတိန် မှုခင်းဆရာဝန်တွေရဲ့ စစ်ဆေးချက်မှာတော့ ဒဏ်ရာမတွေ့ရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
ဒါ့အပြင် လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းမှာ တွေ့ရှိတဲ့ အခင်းဖြစ်တဲ့နေ့ နံနက်လေးနာရီ ဝန်းကျင်မှာ ပြေးလွှားနေတဲ့ သူတစ်ဦးကို စွပ်စွဲခံ မြန်မာတစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းလို့ ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲထားပေမယ့် အဲ့ဒီမှတ်တမ်းကို ဗြိတိန်နိုင်ငံက နည်းပညာရှင်က ဝင်းဇော်ထွန်း မဟုတ်ဘူးလို့ စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း Andy Hall က တင်ပြခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
လိပ်ကျွန်းလူသတ်မှု ဖြစ်စဉ်မှာ ထိုင်းရဲတပ်ဖွဲ့က ရေနွေးပူလောင်းပြီး စစ်ဆေးတာ၊ ရိုက်နှက်စစ်ဆေးတာ၊ အနက်ရောင် ပလပ်စတစ်အိတ်ကို ခေါင်းမှာစွပ်ပြီး ရိုက်နှက်စစ်ဆေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ မြန်မာတစ်ဦး ထွက်ဆိုထားတဲ့ ရုပ်သံမှတ်တမ်းကို တရားရုံးမှာ တင်ပြခဲ့တယ်လို့ သူက ဆိုပါတယ်။
“စက်တင်ဘာလ ၂၂ ရက်နေ့ စစ်ဆေးခဲ့တဲ့ ထိုင်းမှုခင်းဆေးသိပ္ပံ အဖွဲ့က ဆရာဝန်တစ်ဦးက DNA စစ်ဆေးတယ်ဆိုတာ အဆင့် ၂၃ ဆင့် စစ်ဆေးရပြီး ၁၀ ဆင့်ကျော် တူညီမှ DNA တူညီတယ်လို့ ပြောလို့ရနိုင်တယ်၊ နောက်ပြီး DNA စစ်ဆေးရာမှာ အရေးကြီးအမှုအတွက် အနည်းဆုံး ၁၀ ရက်လောက် စစ်ဆေးမှသာ အဖြေမှန်ရနိုင်တယ်လို့ ထွက်ဆိုသွားတယ်” လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ဒါပေမဲ့ မြန်မာနှစ်ဦးကို DNA စစ်ဆေးရာမှာ အဆင့်ခုနှစ်ဆင့်ပဲ စစ်ဆေးခဲ့ပြီး ငါးချက်တူညီတယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောဆိုမှုဟာ DNA စစ်ဆေးမှုအရ ပြည့်စုံမှုမရှိခဲ့တဲ့ အပြင် စစ်ဆေးချိန်ဟာလည်း သုံးရက်သာ ကြာမြင့်ခဲ့တယ်လို့လည်း အဲ့ဒီမှုခင်းဆရာဝန်က ထွက်ဆိုခဲ့တယ်လို့ သူက ပြောပါတယ်။


The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top