0

Huawei ကုမ္ပဏီမှ ရောင်းချပေးနေသည့် နောက်ဆုံးထွက် မိုဘိုင်းဟန်းဆက်များ ဈေးကွက်အတွင်း အတုများ ဝင်ရောက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ပပျောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး တင်သွင်းရောင်းချသူများကိုလည်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားရန်ရှိကြောင်း သတင်းရရှိသည်။

Huawei ကုမ္ပဏီမှ ရောင်းချ ပေးနေသည့် Honor 3C မှာ လက်ရှိတွင် ပြည်တွင်းဈေးကွက်အတွင်း၌ အတုများ ဝင်ရောက်နေပြီး Huawei နောက်ဆုံးထွက် ဟန်းဆက်များလည်း ပါဝင်လာကြောင်း Huawei ပြည်တွင်းရုံးချုပ် Device Business Department မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဟန်းဆက်အတုတွေဝင် လာတယ်ဆိုတာလည်း Service Center တွေမှာ လာပြီးပြင်တဲ့အခါမှာ အဲဒီလိုဖုန်းတွေပါလာလို့ တွေ့တာ။ ဘယ်ကဝင်တယ်ဆိုတာတော့ မသိသေးဘူး။ တရုတ်ထုတ်ဆိုတာပဲ သိသေးတယ်’’ဟု ၎င်းက ပြောသည်။

Honor 3C ဟန်းဆက်များမှာ Huawei ပြည်တွင်းရုံးချုပ်မှ တရားဝင် တင်သွင်းရောင်းချနေရာ အလုံးရေ သုံးသောင်း ရှိနေပြီ ဖြစ်သည်။ လွန်ခဲ့သည့် တစ်ပတ်ခန့်က ပစ္စည်းပြတ်လပ်သွားကြောင်း၊ လက်ရှိတွင် ဈေးကွက်အတွင်း ဟန်းဆက်အတုများ ဝင်ရောက်နေခြင်းကြောင့် ဖုန်းအစစ်နှင့်အတု ခွဲခြားနိုင်မည့် နည်းလမ်းများကို မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် Huawei ဟန်းဆက်အတုများ တင်သွင်း ရောင်းချသည့် အရောင်းဆိုင်များနှင့် ပတ်သက်၍ သတင်းအချက်အလက် ပေးပို့သူများကို ဆုချီးမြှင့်ခြင်း၊ ဟန်း ဆက်အတုများကို ဝင်ရောက်သိမ်းဆီးခြင်းနှင့် တင် သွင်းရောင်းချသူများကိုဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Huawei ကုမ္ပဏီမှ ထုတ်ပြန်သည်။

Honor 3C ဟန်းဆက်အစစ် မှာ အလေးချိန် 140 g ရှိကာ လက်ရှိထွက်ပေါ်နေသည့် ဟန်းဆက်အတုမှာ အစစ်ထက် သုံးပုံတစ်ပုံခန့် ပိုမိုလေးလံပြီး ဆင်းမ်ကတ် အနေအထားပေါ် မူတည်၍ ခွဲခြားနိုင်ခြင်း၊ အစစ်တွင် ဖုန်း ကွန်ရက်3G နှင့် 2G ကို ခွဲခြား ဖော်ပြနိုင်သော်လည်း အတုတွင် 3G ကွန်ရက်တစ်ခုတည်းကိုသာ ဖော်ပြခြင်းတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အခြားသော အမျိုးအစား ဟန်းဆက်အတုများလည်းထွက်ပေါ်နေ၍ စုံစမ်းလျက်ရှိကြောင်း သတင်း ရရှိသည်။

လူသုံးများသည့် Huawei ဟန်းဆက်များကို တွေ့ရစဉ်

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top