Monday, December 2, 2013
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ် မြို့နယ်ရှိ တပ်မတော် ဆေးရုံ၌ ဆေးရုံ တက်ရောက် ကုသလျက် ရှိသော အရာရှိ၊ စစ်သည်၊ မိသားစု များအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးနှင့် တာဝန် ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကား ပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် နိုဝင်ဘာ ၂၅ရက်တွင် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၃၆ဦးအား တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က လိုအပ်သည့် ကျန်း မာရေး စောင့်ရှောက် မှု လုပ်ငန်းများ ဆောင်ရွက် ပေးရာ တိုင်းမှူးနှင့် တာဝန် ရှိသူများက ဒေသခံ ပြည်သူများကို ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်အားပေး စကား ပြောကြားပြီး စားသောက်ဖွယ်ရာ များနှင့် ယင်လုံ အိမ်သာသုံး ပလတ်စတစ် အိမ်သာခွက်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
အေးချမ်းမွန် Credit To >မြ၀တီ < Thankhttps://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.