မင်းမင်း| တနင်္လာနေ့၊ ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၃ ခုနှစ်
ဘင်္ဂါလီ (မြန်မာအစိုးရအခေါ်)များကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၏ တိုက်တွန်းချက်ကို ပြင်းထန်စွာကန့်ကွက်သည်ဟု ဒီဇင်ဘာ ၁ ရက် ဦးဝိစာရလမ်း နှင့် ရွှေဂုံတိုင်လမ်းထောင့်ရှိ ဗဟန်း ဘောလုံးကွင်းဘေး၌ ပြုလုပ်ခဲ့သော လူ ၁၅၀ ခန့် တက်ရောက်သည့် အခမ်းအနားက တောင်းဆိုလိုက်သည်။
“ကျွန်တော်တို့နိုင်ငံကို ခိုးဝင်ဘင်္ဂါလီ တွေဝင်လာဖို့ ဘယ်သူတွေ တိုက်တွန်းနေတာလဲ။ ဒါကို ပြတ်ပြတ် သားသား ဆန့်ကျင်ပါတယ်” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောသည်။
မြန်မာနိုင်ငံတွင် တရားဝင် ထုတ်ပြန်ထားသည့် လူမျိုးစု ၁၃၅ မျိုးမှအပ မည်သည့်လူမျိုးစုကိုမျှ နိုင်ငံသား အဖြစ် လက်မခံနိုင်ဟု တက်ရောက်လာသူများက ပြောသည်။
ကုလသမဂ္ဂ၏ နိုဝင်ဘာ ၁၉ ရက် ညီလာခံတွင် နိုင်ငံမဲ့ဖြစ်နေသော ရိုဟင်ဂျာ (နိုင်ငံတကာအခေါ်) များကို နိုင်ငံသားဖြစ်ခွင့်ပေးရန် မြန်မာအစိုးရအား တိုက်တွန်းသည်ဟု ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဆုံး ဖြတ်ချက်အပေါ် ယင်းသို့ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
ကန့်ကွက်ပွဲသို့ တက်ရောက်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကလည်း မည်သည့် လူမျိုး၊ ဘာသာမဆို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိခြင်းကိ
“လိုတာထက်ပိုတဲ့ တောင်းဆိုမှုတွေ ရင်ဆိုင်ရတဲ့အခါ ဒါကို ကျွန်မတို့ တွန်းလှန်ရမယ်” ဟု ၎င်းကပြော သည်။
ကုလသမဂ္ဂ၏ အဆိုပါတိုက်တွန်းချက်ကို မြန်မာအစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် (ကုလသမဂ္ဂ သံအမတ်ကြီး) ဦးကျော်တင့်က နိုဝင်ဘာ ၂၁ ရက်တွင် ကန့်ကွက်ခဲ့သည်ဟု သမ္မတရုံးညွှန် ကြားရေးမှူး ဦးဇော်ဌေးက သူ၏ အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွင် ကန့်ကွက်စာနှင့် အတူတွဲ၍ ဖော်ပြထားသည်။
အေးချမ်းမွန် Credit To >မြ၀တီ < Thankhttps://www.facebook.com/
Post a Comment