ပြီးခဲ့တဲ့ နစ်အတွင်း ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား နှစ်ယောက်အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေက သူတို့ရဲ့စုံစမ်းစစ်ဆေးမှုတွေဟာ ပွင့်လင်းမြင်သာမှုရှိသလို လူသတ်မှုကျူးလွန်သူတွေအဖြစ်စွပ်စွဲခံထားရတဲ့ မြန်မာ နိုင်ငံသား ၂ ယောက်ကို သေဒဏ်ချလိုက်တာဟာ နှစ်နိုင်ငံကြားဆက်ဆံရေးကို ထိခိုက် စေမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ AP သတင်းတပုဒ်ကို အခြေခံပြီး နန်းလောင်ဝ် ကတင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံသား၊ ကမ္ဘာလှည့်ခရီးသွား ၂ ယောက်အသတ်ခံခဲ့ရတဲ့ ကော့တောင်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲကျင်းပပါတယ်။ အသက် ၂၃ နှစ်အရွယ် Hannah Witheridge နဲ့ အသက် ၂၄ နှစ်အရွယ် David Millaer တို့ကိုသတ်မှုနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို ထိုင်းကော့စမွေတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်၊ ကြာသပတေးနေ့ မှာသေဒဏ်ချမှတ်လိုက်တာပါ။ ဒီလိုသေဒဏ်ချလိုက်တဲ့ အပေါ် မကြေနပ်ကြတဲ့လူတွေ ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကထိုင်းနိုင်ငံ သံရုံးရှေ့ မှာ ကန့်ကွက် ဆန္ဒ့ပြကြပါတယ်။ ဆက်တိုက်ဆိုသလိုဘဲ မြန်မာနိုင်ငံနယ်စပ်ဒေးသမြို့ကြီးတွေအပြင် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေကလည်း ထိုင်းသံရုံးတွေရှေ့မှာ ကန့်ကွက်ဆန္ဒပြတာတွေရှိပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းရဲတွေရဲ့  စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ အငြင်းပွါးစရာတွေဖြစ်လာသလို ရွေ့ပြောင်းလုပ်သားတွေအပေါ် ထိုင်းနိုင်ငံရဲ့ ဆက်ဆံပုံတွေကိုလည်း မေးခွန်းထုတ်စရာတွေဖြစ်ပေါ်လာနေပါတယ် ။ ဒါပေမယ့်လည်း ထိုင်းရဲတွေကတော့ ဒီလို အရေးကြီးတဲ့ အမှုကို ကိုင်တွယ်နေတဲ့နေရာမှာ ယုံကြည်မှုအပြည့်ရှိတယ်လို့ ဆိုပါတယ်။ ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရသူလည်းဖြစ်၊ရဲ ဗိုလ်ချူပ်ကြီးလည်းဖြစ်တဲ့ Dejnarong Suthicharnbancha ကခုလိုပြောပါတယ်။
“သက်သေအထောက်အထားတွေကို ကောက်ယူစုဆောင်းတဲ့ အဆင့်တိုင်းက ပွင့်လင်းမြင်သာမှုရြှိ့ပီး ခိုင်လုံမှုလည်း ရှိပါတယ်။ဒီအချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံနဲ့ ကာလရှည်ကြာ ခိုင်မာတဲ့ဆက်ဆံရေးရှိထားတာပါ။ ဒီအမှုကြောင်က့ နှစ်နိုင်ငံဆက်ဆံရေးကို တနည်းနည်းနဲ ထိခိုက်လိမ်မယ်လို့မထင်ပါဘူး။”
အခုအခြေမနေကို သူတို့ ရဲ့ ကိုယ်ပိုင် အကျိုး စီးပွါးအတွက်အသှုံးချနေသူတွေအလိုကျ အသုံးချမခံကြပါနဲ့လို့ မြန်မာလူထုကို တောင်းဆိုတဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုပြောခွင့်ရ ရဲဗိုလ်ချုပ် Piyapan Pingmuang က ခုလို ပြောပါတယ်။
“တချို့လူအုပ်စုတွေရဲ့ စကားကို နားမယောင်ဖို့ မြန်မာလူမျိုးတွေကိုပြောချင်ပါတယ်။ အမှုနဲ့ပတ်သက်တဲ့ဥပဒေ လုပ်ငန်းစဉ်ကဆက် သွားနေပြီး တော့ အယူခံဝင်နိုင်ငတဲ့ နောက်ထပ်တရားရုံးအဆင့် ၂ ဆင့်ရှိပါတယ်။ ဒါကနိုင်ငံရေးနဲ့လည်းမပတ်သက်ပါဘူး။ ဒီအမှုကို နောက်ထပ်၂ ကြိမ်ကြားနာဖို့ရှိသလို အယူခံလည်းဝင်လို့ရပါတယ်။ ဒါကြောင့် သူများတွေပြောတာ နားမယောင်ဖို့၊ အသုံးချခံမဖြစ်ဖို့ ပြောချင်တာပါ။”
လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာ ရွေ့ပြောင်းအလုပ်သမား၂ ယောက်ရဲ့ DNA တွေကိုအသတ်ခံရတဲ့သူတွေဆီမှာ တွေ့ရတယ်ဆိုတဲ့ တရားလိုရှေ့နေဘက်က တင်ပြချက်တွေကို အခြေခံ စစ်ဆေးပြီးတဲ့နောက် မြန်မာအလုပ်သမား၂ယောက်ဟာ ဒီလူသတ်မှုနဲ့ ပတ်သက်မှုရှိတယ်ဆြို့ပီး ထိုင်းရဲဘက်က ရာဇ၀တ်မှုအဖြစ်သတ်မှတ်လိုက်တာလည်းဖြစ်ပါတယ်။ ထိုင်းရဲဘက်က DNA သက်သေတွေကို မမှန်မကန်လုပ်ခဲ့ပြီး ဖမ်းဆီးခံမြန်မာအလုပ်သမား၂ ယောက်ကိုလည်း ထိန်းသိမ်းထားစဉ်မှာ နှိပ်စက်ခဲ့တယ်လို့ အကျိုးဆောင်ရှေ့ နေကပြောပါတယ်။ ထိုင်းရဲတွေကတော့ ဒီလို နှိပ်စက်ညှဉ်းပန်းမှုမျိုးမလုပ်ခဲ့ဘူးလို့ ခုလို ငြင်းဆန်ပါတယ်။
“ နိုင်ငံတကာစံနှုန်းကို လိုက်နာပြီး အမှုကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးပါတယ်။ သက်သေအထောက်အထားတွေကလည်း သိပ္ပံနည်းကျရထားတာပါ။ ၀န်ခံပြီး တော့ ရထားတာ မဟုတ်ပါဘူး။ သိပ္ပံနည်းကျဆိုရင် ဘာမှ လိမ်လို့မရပါဘူး။ လူသေတွေ စကားမပြောနိုင်ဘူးဆိုပေမယ့် သေသွားတဲ့ လူတွေဆီကရတဲ့ သက်သေအထောက်အထားတွေက သက်ရှိလူတွေဆီရရထာထက်စာရင် ပိုပြီး ခိုင်လုံမှုရှိပါတယ်။”
ဒီလူသတ်မှုဖြစ်ပွါးခဲ့တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအတွက် ပျော်စရာ အတိ ရှိတဲ့ ထိုင်းနိုင်ငံရဲ့  တရားရေးစနစ်နဲ့ ရွေ့ပြောင်းလုပ်သားတွေအပေါ် သူတို့ရဲ့ပြုမူ ဆက်ဆံပုံကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာစေခဲ့တာပါ။ လူသတ်မှုကို ပြန်လည်စုံစမ်းစစ်ဆေးဖို့ တောင်းဆိုမှုတွေရှိပေမယ့်လည်း ထိုင်းရဲဘက်ကတော့ ဒီအမှုက ဥပဒေအနည်းလမ်းတကျ စုံစမ်းစစ်ဆေးမှုတွေလည်း အားလုံးလုပ်ပြီးသွားပြီမို့ ပြန်မလုပ်နိုင်ဘူး လို့ဆိုပါတယ်။
တရားခံအဖြစ်စွပ်စွဲခံထားရသူတွေက တခြားလူတွေ ကျူးလွန်ခဲ့တဲ့အမှုကို ကြားက၀င်ပြီး ဓားစာခံဖြစ်ရတာလို့ တက်ကြွသူတွေကဆိုပါတယ်။ ထိုင်းနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားပေါင်း ၂ သန်းခွဲလောက်လုပ်ကိုင်နေကြတာပါ။ အများစုက ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အိမ်ကူလုပ်သားတွေ ဒါမှမဟုတ် ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ သန့်ရှင်းရေးလုပ်သားတွေအဖြစ်လုပ်ကိုင်ကြရပါတယ်။
ထိုင်းနိုင်ငံမှာ သေဒဏ်ချခံထားရတဲ့ အကျဉ်းသားပေါင်း ၄၅၀ ထက်မနည်းရှိပေမယ့် ၂၀၀၉ ခုနှစ်ကတည်းက ဘယ်သူ့ကိုမှ သေဒဏ်စီရင်တာမရှိသေးပါဘူး။
http://burmese.voanews.com/
Post a Comment