0


ကြက်သွန်စိုက်တောင်သူနှစ်ဦး ကြက်သွန်နီများကို စုပုံနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
ယခု ရက်ပိုင်းတွင် မုံရွာ ဒေသစိုက်ပျိုးသော မိုးရာသီစိုက် ကြက်သွန်နီများ လှိုင်လှိုင်ပေါ်ချိန် မုံရွာဈေးကွက်တွင် အဝင်နည်း၍ တစ်ပိဿာလျှင် ကျပ်တစ်ထောင် ကျော်အထိ ဈေးကောင်းရရှိနေ ကြောင်း မုံရွာ ကြက်သွန်နီဈေး ကွက်မှ သတင်းရရှိသည်။
‘‘မုံရွာမှာ မိုးရာသီစိုက် ကြက်သွန်နီတွေက အလုံးအကြီး၊ အသေးကြောင့် ဈေးစကား မပြောတော့ဘူး။ ကြက်သွန်နီ စိုတာ၊ ခြောက်တာမှာ ဈေးကွာတာ။ ခြောက်တဲ့ ကြက်သွန်နီတွေက အဝေးလက်ကို တင်ပို့နိုင်တဲ့အတွက် ဈေးပိုရ ပြီး အရောင်းအဝယ်သွက်တာပါ’’ ဟု မုံရွာမြို့ဒေသခံ ကြက်သွန်နီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ် ဦးက ပြောသည်။
မုံရွာမိုးကြက်သွန်နီများ ယခု နှစ် ဒီဇင်ဘာလဆန်းမှစ၍ ဈေး ကွက်သို့ စတင်ဝင်ရောက်ခဲ့ချိန်တွင် တစ်ပိဿာလျှင် ကျပ် ၇၀၀ ခန့် ဈေးရခဲ့ရာမှ ဒီဇင်ဘာလကုန်ရက်တွင် တစ်ပိဿာ၁,၁၀၀ ကျပ်မှ ကျပ် ၁,၅၀၀ ခန့်အထိ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မုံရွာဒေသခံ ကြက်သွန်နီစိုက်တောင်သူများက ပြောသည်။
‘‘စိုတဲ့ကြက်သွန်နီက တစ် ပိဿာ ၁,၀၀၀ ကနေ ၁,၂၀၀ ခန့် အထိပဲ ဈေးရတာ။ ခြောက်တဲ့ ကြက်သွန်နီတွေက တစ်ပိဿာ ၁,၃၀၀ ကနေ ၁,၅၀၀ ခန့်အထိ အရောင်းအဝယ်ပိုသွက်တယ်။ ဒါ ကြောင့် တချို့အမြိတ်ထောင် (မိုး ရာသီစိုက်ကြက်သွန်နီ)စိုက်ခင်းတွေမှာ အပင်ခြောက်အောင် နေလှန်းပြီးမှ ဈေးကွက် ပို့ကြတာ လည်း ရှိတယ်’’ ဟု အောင်သာကျေးရွာဒေသခံ ကြက်သွန်စိုက် တောင်သူတစ်ဦးက ပြောသည်။
၂၀၀၁ ခန့်က မန္တလေးတိုင်း မြစ်သား၊ ကျောက်ဆည်နှင့် စစ် ကိုင်းမြို့ ကောင်းမှုတော်စိုက်ကွင်း အချို့ ရေလွှမ်းမိုးမှု ကြုံတွေ့ခဲ့ ပြီးနောက် မိုးရာသီ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁,၅၀၀ ခန့်အထိ အရောင်းအဝယ် ဖြစ်ခဲ့ သည်။
http://www.7daydaily.com/story/54203

Post a Comment

 
Top