0
မုံရွာ၊ ဇူလိုင် ၂- မုံရွာမြို့ အင်းရွာ သစ်ရပ်ကွက် နယ်မြေ(၅)အောင် မင်္ဂလာလမ်းနှင့် အောင်သပြေလမ်း ကြားရှိ ပန်းရန်လုပ် ငန်းလုပ် ကိုင်သူ ဦးစိန်ဝင်းနေအိမ်တွင် လက်ပစ်ဗုံး နှင့်ကျည်ဆန်များကို ဇူလိုင် ၂ရက် နံနက် ၉ နာရီခွဲခန့်က တွေ့ရှိခဲ့ရ ကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးစိန်မြထံမှ သိရသည်။

''အိမ်အနောက်ဘက် တမာမြစ် ကို တူးရင်းကနေ အနက် တစ်ပေ လောက်အရောက်မှာတွေ့ရတာ၊ အိမ် က အဲဒီနေရာမှာ မီးဖိုလုပ်ဖူးတယ်၊ ကံကောင်းလို့ ထမပေါက်တာ''ဟု ရက်ကွက်နေပြည်သူတစ်ဦးက ပြော သည်။

အဆိုပါတွေ့ရှိမှုကို အမှတ်(၂) နယ်မြေရဲစခန်းမှူး ကိုကျော်လှိုင်မိုး နှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ ၉၁လက် ပစ်ဗုံး သုံးလုံး၊ ၄၀ မမ (လောင်ချာကျည်) နှစ်လုံး၊ ဆားပေါက်နေသော ဒစ်တိုနီတာ (၉၁ ဖျူး) ခြောက်ခု၊ ကာဘိုင်ကျည်ပွိုင့် (၃၀) ၇၃တောင့်နှင့် ရ ဒသမ ၆၂ မမ ဂျီသရီး ကျည်နှစ်တောင့်တို့ကို မြေအိုးအတွင်း၌ထည့်၍ အပေါ်တွင် သံဇလုံဖြင့် ဖုံးအုပ်ထားသည့်အနေအထားနှင့်တွေ့ရှိခဲ့ရကြောင်း သိရ သည်။

KTS
[--Democracy today Daily Newspaper--]

ACM Credit To :Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top