0

ဝဏ္ဏကို ၊ ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၀) အမှတ်(၂၅)

ရန်ကုန်၊ လက်ရှိအချိန်အထိ မိုးရွာသွန်း မှုမရှိသေးသည့် မြန်မာနိုင်ငံအလယ် ပိုင်းဒေသနှင့် အောက်ပိုင်းဒေသများ တွင် ယခုမိုးလယ်နှင့် မိုးနှောင်းကာလ များအတွင်း မိုးရွာသွန်းရန်ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်း လွင်က ခန့်မှန်းလိုက်သည်။
ရွာသွန်းမြဲထက် ၄ဝနှင့် ၄၅ရာ ခိုင်နှုန်းခန့် ပိုမိုရွာသွန်းရန်ရှိသည်ဟု ၄င်းကဆိုသည်။

ယခုနှစ်သည် အယ်လ်နီညိုရာသီ ဥတုဖြစ်စဉ်ကို မြန်မာနိုင်ငံအပါအဝင် အာရှဒေသများက ခံစားရသည့်အတွက် အဆိုပါရာသီဥတုဖြစ်စဉ်သဘောအ တိုင်း မိုးနည်းပြီး ပူပြင်းခြောက်သွေ့မှု ဒဏ်ကို ပိုမိုခံစားရခြင်းဖြစ်သည်။

ဒေါက်တာထွန်းလွင်က ''ဒီနှစ်က အယ်လ်နီညိုနှစ်ဖြစ်လို့ အာရှမှာ မိုးမ ကောင်းပါဘူး။ ဇူလိုင်လမှ စက်တင်ဘာ လအတွင်း မိုးရွာသွန်းမှုဟာ အိန္ဒိယ နိုင်ငံမှာ ရွာသွန်းမြဲရဲ့အောက် ၄၅ရာ ခိုင်နှုန်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူ နိုင်း၊ စင်ကာပူနိုင်ငံတွေမှာ ရွာသွန်းမြဲ ရဲ့အောက် ရာခိုင်နှုန်း၇ဝ ကျော်အထိ လျော့နည်းနိုင်ပါတယ်လို့ ခန့်မှန်းထား ပါတယ်။ ဒါပေမဲ့ မိုးလယ်ကာလနဲ့ မိုး နှောင်းကာလတွေမှာ မြန်မာနိုင်ငံ
အောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသ တချို့တွေမှာ မိုးရနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ ရွာသွန်းမြဲရဲ့အထက် ၄ဝ၊ ၄၅ရာခိုင်နှုန်းအထိ ပိုမိုရရှိနိုင်ပါ တယ်''ဟု ¤င်း၏ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ရေးသားထားသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဒေသ တချို့တွင် မိုးရွာသွန်းမှုမရှိသဖြင့် ဒေသ ခံတောင်သူများအနေဖြင့် စိုက်ပျိုးရန် အခက်ကြုံနေရကြောင်း ယင်းဒေသမှ တောင်သူများကပြောသည်။

''မိုးမရွာတာကတော်တော့်ကို ကြာ နေပြီ။ ဟိုတစ်လောတုန်းကရွာတဲ့မိုးက လဲနည်းတယ်။ အဲဒီတုန်းကစိုက်ကြတဲ့ အပင်တွေလဲ အခုအခြေအနေမကောင်း ဘူး။ မျိုးစေ့ဖိုးလောက်ပဲရမယ်။ အခုလဲ မိုးမရွာလို့ မစိုက်ရတဲ့သူတွေ အများကြီး ရှိသေးတယ်''ဟု မန္တလေးတိုင်းဒေသ ကြီးမလှိုင်မြို့နယ် ရွှေတောရွာမှတောင် သူဦးဌေးကြိုင်က ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိအချို့ ဒေသများတွင် စိုက်ပျိုးရန်မိုးရရှိခဲ့သော် လည်း ယခုအချိန်အထိ မိုးပြန်လည်ရွာ သွန်းမှုမရှိသေးသဖြင့် စိုက်ခင်းသီးနှံများ မပျက်စီးရန် စိုးရိမ်နေရကြောင်း တောင် သူများ က ပြောသည်။

''ဒီနှစ်က စိုက်မိုးတော့ရတယ်။ခက်တာကစိုက်ပြီးမှ မိုးမရွာတာကတစ် လလောက်ရှိနေပြီ။ မြေကြီးမှာ အစိုဓာတ် နည်းနည်းရှိသေးလို့ အပင်တွေ မသေ သေးတာ။ ဒီထက်ကြာပြီးမိုးမရွာသေး ရင်တော့ အထွက်ကောင်းမှာ မဟုတ်ဘူး။ မိုးကိုတော့စောင့်နေတာပဲ။ မိုးရိပ်မိုး သန်းလေးတွေတော့ တွေ့နေရပြီ''ဟု မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေတိုက် နယ်၊ သရက်တောအုပ်စု၊ ကြက်လျှာကျေး ရွာမှ တောင်သူဦးလှဝင်းက ဆိုသည်။

ACM Credit To : Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top