အဂ္ဂမင်း ၊ ရန်ကုန်၊
ကချင်ပြည်နယ်ရှိ စစ်ဘေး ရှောင်ဒုက္ခသည်စခန်းများသို့ စစ်ရှောင် ပြည်သူများ ထပ်မံရောက်ရှိလာလျှင် လက်မခံရန် မြန်မာအစိုးရ စစ်တပ် မှတားမြစ်ထားကြောင်း ကချင်ပြည် နယ်ရှိဒုက္ခသည်စခန်းအချို့ထံမှ သိ ရသည်။
တပ်မ (၈၈)မှ ဗျူဟာမှူးနှင့် တပ်မမှူးတို့က ဒုက္ခသည်စခန်းရှိစစ် ဘေးရှောင်ပြည်သူများကို ရွှေ့ပြောင်း စေကာ ထပ်မံရောက်ရှိလာမည့်သူ များကို လက်မခံရန်ပြောခဲ့ခြင်းဖြစ် ကြောင်း ကချင်ပြည်နယ်မန်ဝိန်းကြီး ဒေသရှိ ဒုက္ခသည်စခန်းတာဝန်ခံကို နော်ဒင်းက ပြောသည်။
မြန်မာအစိုးရစစ်တပ်နှင့် KIA စစ်တပ်တို့အကြား တိုက်ပွဲများဖြစ် ပွားခဲ့ပြီးနောက် ဒေသခံများအနေ ဖြင့် အစိုးရထိန်းချုပ်သည့်ဒုက္ခသည် စခန်းများနှင့် KIA ထိန်းချုပ်သည့် ဒုက္ခသည်စခန်းများသို့ နေရပ်စွန့်ခွာ ပြောင်းရွှေ့လာခဲ့ကြပြီး ဒုက္ခသည်ဦး ရေမှာလည်း ယခင်ထက်ပိုမိုများပြား လာကြောင်း၊ ယခုကဲ့သို့ အစိုးရစစ် တပ်မှဒုက္ခသည်များလက်မခံပါက စစ် ဘေးသင့်ဒေသခံများအတွက် များစွာ အခက်အခဲရှိကြောင်း ကချင်ပြည်နယ် နန့်လင်းပါရွာရှိ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ''အခုစစ်တပ်က သူတို့ နယ်မြေထဲက ဒုက္ခသည်စခန်းအား လုံးကို ၂၁ ရက်နဲ့ ၂၂ရက်တွေက တည်းက အကြောင်းကြားထားတယ် လို့သိရတယ်။ ပေးမနေရင် ဒီလူတွေ က ကိုယ့်ရွာပြန်လဲ စစ်ကျန်မိုင်းအန္တ ရာယ်က ရှိသေးတယ်။ ဒါကဘာရည် ရွယ်ချက်နဲ့လုပ်လုပ် ပြည်သူကိုခြိမ်း ခြောက်တာပဲ''ဟုပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် လိုင်ဇာမြို့အနီးရှိဒုက္ခသည်စခန်
Aye Chan Mon# Credit To : Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.