ဂျူမုံ ရာဇဝင်ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး ဟန်ဟေဂျင်းဟာ စက်တင်ဘာ ၁၃ ရက်နေ့က သမီးဦးလေး မွေးဖွားလိုက်ပြီဖြစ်ပါတယ်။ ဟန် ဟေဂျင်းရော၊ ရင်သွေးလေးပါ ကျန်းမာပြီး ဆိုးလ်မြို့က ဆေးရုံတစ်ရုံမှာမီးဖွားခဲ့ တာဖြစ်ကာ လူများစွာက ကောင်းချီးပေးခဲ့ကြပါတယ်။
မင်းသမီးက "နောက်ဆုံး တော့ အကြာကြီးစောင့်ခဲ့ရတဲ့ ကျွန်မရဲ့ရင်သွေးလေးကို တွေ့ရပါပြီ။ ကျွန်မတို့ရဲ့ ကလေးလေးနဲ့အတူ ပိုပျော်ရွှင်တဲ့ဘဝမှာနေထိုင်သွားကြဖို့ ပရိသတ်တွေက ကောင်းချီးပေးမယ်လို့ ကျွန်မတို့ဇနီးမောင်နှံက
မျှော်လင့်ပါတယ်" လို့ သူ့ရဲ့အေ ဂျင်စီက တစ်ဆင့် ပြောကြားခဲ့ပါတယ်။
မျှော်လင့်ပါတယ်" လို့ သူ့ရဲ့အေ ဂျင်စီက တစ်ဆင့် ပြောကြားခဲ့ပါတယ်။
ဟေဂျင်းရဲ့ နောက်ဆုံးဇာတ်ကားများကတော့ "Be Strong, Geum Soon", "One Warm Word" ဇာတ်ကားများဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်းကတော့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်ပြီး ပရီးမီး ယားလိဂ်ရဲ့ ဆွမ်ဆီးကလပ်က ki sung yueng ဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယားအမျိုးသားအသင်းရဲ့ ကပ္ပတိန်လည်းဖြစ်ပါတယ်။ သူတို့ဟာ ၂ဝ၁၃ ခုနှစ် မတ်လမှာ ချစ်ကြိုက်နေကြောင်း ကြေညာခဲ့ပြီး အဲဒီနှစ် ဇူလိုင် ၁ ရက်မှာ လက်ထပ်ခဲ့ကြပါတယ်။ လက်ရှိ အသက် ၃၃ နှစ်ရှိ ဟေဂျင်းဟာ သရုပ်ဆောင်တော်တဲ့
မင်းသမီးတစ်လက်ဖြစ်ပြီး ထူးချွန်ဆု ၁၁ ဆုရထားသူဖြစ်ပါတယ်။ မင်းသား ကင်မ်ခန်ဝူးနဲ့လည်းအမျိုးတော်ပြီး ခန်ဝူးဟာ ဟေဂျင်းရဲ့အစ်မဖြစ်သူ ဟန်မိုယောင်းနဲ့ ၂ဝ၁ဝ ခုနှစ်မှာလက်ထပ်ခဲ့သူဖြစ်ပါတယ်။
မင်းသမီးတစ်လက်ဖြစ်ပြီး ထူးချွန်ဆု ၁၁ ဆုရထားသူဖြစ်ပါတယ်။ မင်းသား ကင်မ်ခန်ဝူးနဲ့လည်းအမျိုးတော်ပြီး ခန်ဝူးဟာ ဟေဂျင်းရဲ့အစ်မဖြစ်သူ ဟန်မိုယောင်းနဲ့ ၂ဝ၁ဝ ခုနှစ်မှာလက်ထပ်ခဲ့သူဖြစ်ပါတယ်။
Popular Journal

Post a Comment