0

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများက ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က “ငရဲခွေးကြီး လွတ်နေပြီ” ၊ “ရဲဘော် ရဲရင့်ပိုင်မှူးအား ချက်ချင်းလွှတ်” စာသားပါစာရွက်များ မန္တလေးမြို့ ဈေးချို၊ ၈၄ လမ်း၊ ၂၇ လမ်းတွင် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။
”ကျွန်တော်တို့ ခုလုပ်ရှားမှုက ကျောင်းသားအရေးအတွက် လှုပ်ရှားမှုတခုအဖြစ် ပြည်သူတွေသိအောင် လုပ်တာဖြစ်ပါတယ်။ နောက်လည်း အလျဉ်းသင့်သလို ဆက်လုပ်သွားမယ်။ အဓိက ကျောင်းသားတွေအပေါ် အစိုးရက ဖမ်းဆီးအရေးယူ ထောင်ချမှုတွေ လုပ်နေတဲ့အတွက် ကျောင်းသားအရေးလှုပ်ရှားမှု လုပ်တာပါ”ဟု ၄င်းအဖွဲ့မှ ကိုသာအေးက ပြောသည်။
“ငရဲခွေးကြီး လွတ်နေပြီ” ၊ “ရဲဘော် ရဲရင့်ပိုင်မှူးအား ချက်ချင်းလွှတ်” စာသားပါစားရွက်များကို ဈေးချိုခုံးကျော်တံတားပေါ်မှ ကြဲချခဲ့ခြင်း ဖြစ်သည်။
“အခု ကျောင်းသားတွေ လုပ်တာကို ကျွန်တော်တို့ မသိလိုက်ပါဘူး။ ဖြစ်စဉ်နဲ့ပတ်သက်လို့ အနေအထားတခုအရ ကြည့်ရအုံးမယ်။ နိုင်ငံရေးမတည်ငြိမ်အောင် လှုံ့ဆော်တာမျိုး၊ ပြည်သူတွေ စိတ်ငြိုညင်အောင်လုပ်တာတို့ ဆိုရင်တော့ ၅၀၅ (ခ) အရ အရေးယူလို့ရပေမယ့် ဖြစ်စဉ်ကို ပြန်ကြည့်ရမှာပါ”ဟု မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး စိန်ထွန်းက ပြောသည်။
လိပ်ကျွန်းလူသတ်မှု အမိန့်ချမှတ်မှုအပြီး နိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်နေသောဆန္ဒပြမှုများနှင့်ပတ်သက်၍ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ် အထမမြောက်သေးခင် စပ်ကူးမတ်ကူးကာလတွင် တိုင်းပြည်မတည်ငြိမ်အောင် ပြုလုပ်နေသည့် အင်အားစုများရှိသည်ဆိုသော ဝေဖန်သုံးသပ်မှုများ ရှိနေချိန်တွင် ဗကသ(အထက်မြန်မာပြည်) ကျောင်းသားများက ယခုကဲ့သို့ စာရွက်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
ခိုင်ဆက်ဝေ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top